Join Us : Telegram Icon Threads Icon
Latest Updates >>>
MENU

သာသနာ့အလင်းဆောင် ပန်းလရောင်ဆိုတဲ့နာမည်နဲ့လိုက်ဖက်အောင် ကြိုးစားနေပါတယ် – ပန်းလရောင်

“သာသနာ့အလင်းဆောင် ပန်းလရောင်ဆိုတဲ့နာမည်နဲ့လိုက်ဖက်အောင် ကြိုးစားနေပါတယ်၊ အစစ်တွေ ရောက်လာဖို့ အတုတွေ နေရာဖယ်ပေးရမှာပါ” – ပန်းလရောင်(သရုပ်ဆောင်)
———————
“သာသနာ့အလင်းဆောင် ပန်းလရောင်ဆိုတဲ့နာမည်နဲ့ လိုက်ဖက်အောင် လရောင် ကြိုးစားနေပါတယ်၊ ဒါဟာ မှန်သောသစ္စာစကားကို လရောင် ပြောတာပါ။ အစစ်တွေရောက်လာဖို့ အတုတွေ နေရာဖယ်ပေးရမှာပါ။ လရောင် နဂါးရုံဘုရားကြီးနဲ့ ဆုတောင်းပြည့်စာသင်တိုက်ကြီး ပြန်လည်ဖွင့်လှစ်ဖို့အတွက်ကို လရောင်က မွေးနေ့မှာ သိန်း ၁၀၀ မတည်ပေးတာပါ။ သာသနာအတွက် ခြွင်းချက်မရှိ၊ ဟန်ဆောင်မှုမရှိဘဲ လရောင် လျှောက်လှမ်းနေပါတယ်။ ဒီစာသင်တိုက်ကြီး ဖွင့်ပွဲမတိုင်ခင်မှာ မေတ္တာရှင်မလေး ပန်းလရောင် သိုက်ဆက် ပဌာန်းဆက်များဆိုတဲ့ဇာတ်ကားကို ရိုက်ကူးဖို့အတွက်လည်း စာနယ်ဇင်းမိတ်ဆက်ပွဲတွေ လုပ်ထားပါတယ်။ ဘယ်အရာကိုမှ ဟန်ဆောင်မှုမရှိ၊ ပကာသနမရှိဘဲ လျှောက်လှမ်းလို့လား မသိပါဘူး။ တကယ့် မနောမှန်တဲ့၊ ပုဂ္ဂိုလ်မှန်တဲ့ ဝိဇ္ဇာတွေအားလုံးက စောင့်ရှောက်နေတာပါ။ ဒါဟာ မှန်သောသာသနာကို လရောင်ပြုခဲ့လို့ နေမှာပါ” – ပန်းလရောင်(သရုပ်ဆောင်)
#MercuryVariety #MV #MercuryExclusiveInterview #MercuryCelebrityInterview #ExclusiveInterview #CelebrityInterview #PanLaYaing #‌ပန်းလရောင် #သရုပ်ဆောင် #သာသနာ့အလင်းဆောင် #မေတ္တာရှင်မလေး #ဆုတောင်းပြည့်စာသင်တိုက်ကြီး #နဂါးရုံဘုရားကြီး #စစ်မှန်မှု #Yangon #Myanmar