ဘောလိဝုဒ်သရုပ်ဆောင်မင်းသား ရှာရွတ်ခန်းဟာ ပြက္ခဒိန်နှစ် တစ်ခုထဲမှာ ရုံတင်ဝင်ငွေ ၂၅၀၀ Crore ရှာဖွေပေးနိုင်တဲ့ ပထမဆုံး အိန္ဒိယသရုပ်ဆောင်အဖြစ် စံချိန်တင်လိုက်နိုင်ပြီဖြစ်ပါတယ်။
၂၀၂၃ ခုနှစ်အတွင်းမှာ ရှာရွတ်ခန်း သရုပ်ဆောင်ထားတဲ့ ရုပ်ရှင်ကား ၃ ကား ရုံတင်ခဲ့ပြီး ဇာတ်ကား ၃ ကားလုံးက အောင်မြင်မှုတွေ ရရှိလို့နေပါတယ်။
လက်ရှိ ရုံတင်ပြသနေတဲ့ DUNKI ရုပ်ရှင်ဇာတ်ကားက ရှေ့လာမယ့် ရက်တွေထဲမှာ ရုံတင်ဝင်ငွေပမာဏ ဆက်လက်မြင့်တက်လာဖို့ ရှိနေပါသေးတယ်။
ရှာရွတ်ခန်း ပါဝင်သရုပ်ဆောင်ထားတဲ့ ဇာတ်ကားတွေထဲက Pathaan ရုပ်ရှင်ကားဟာ ရုံတင်ဝင်ငွေ ၁၀၅၅ Crore ရရှိခဲ့ပြီး Jawan ကတော့ ရုံတင်ဝင်ငွေ ၁၁၆၀ Crore ရှာဖွေပေးနိုင်ခဲ့တာကို မြင်တွေ့ရပါတယ်။
ရုံတင်ပြသနေဆဲဖြစ်ပြီး ပရိသတ်စိတ်ဝင်စားမှုမြင့်တက်နေတဲ့ DUNKI ရုပ်ရှင်ကားရဲ့ဝင်ငွေ ၃၀၅ Crore ပြည့်သွားပြီးတဲ့နောက်မှာ ရှာရွတ်ခန်းက ပြက္ခဒိန်နှစ် တစ်ခုထဲမှာ ရုံတင်ဝင်ငွေ ၂၅၀၀ Crore ရှာဖွေပေးနိုင်တဲ့ ပထမဆုံး အိန္ဒိယသရုပ်ဆောင်အဖြစ် စံချိန်ရေးထိုးသွားနိုင်ခဲ့တာဖြစ်ပါတယ်။
ဘောလိဝုဒ်ရဲ့ဘုရင်ကြီး ခန်းကတော့ စံချိန်သစ်တွေ၊ မှတ်တမ်းသစ်တွေနဲ့အတူ ဘုရင်ကြီး ခန်း ဖြစ်ကြောင်း သက်သေထူထားနိုင်ဆဲပါပဲ။