Comeback King ဆိုတဲ့နာမည်ဟာ လွယ်လွယ်နဲ့ ဖြစ်တည်လာခဲ့တာ မဟုတ်ပါဘူး။ ဘာကြောင့်လဲဆိုတော့ ပရီးမီးယားလိဂ်မှာ နှစ်ဂိုးရှုံးနေတဲ့အနေအထားကို နောက်ကလိုက်ပြီး ပြောင်းပြန်လှန်ကာ နိုင်ပွဲအများဆုံး ရယူနိုင်ခဲ့တာက မန်ယူဖြစ်နေလို့ပါပဲ။
ဘောက်ဆင်းဒေးတုန်းက အက်စတွန်ဗီလာကို ၂ ဂိုး ရှုံးနေတဲ့အနေအထားကနေ ၃ ဂိုးပြန်သွင်းပြီး ပြောင်းပြန်လှန်ကာ အနိုင်ယူလိုက်ပြီးတဲ့နောက်မှာ မန်ယူက ပရီးမီးယားလိဂ်သမိုင်းတလျှောက် ၂ ဂိုးရှုံးနေတာကို နောက်ကလိုက်ကစားပြီး အနိုင်ရတဲ့ပွဲစဉ်အရေအတွက် ၁၄ ပွဲအထိ ရှိသွားခဲ့ပြီပဲဖြစ်ပါတယ်။
ဒါဟာ ဘယ်အသင်းထက်မဆို မန်ယူက ၂ ဂိုးရှုံးကို နောက်ကလိုက်ကစားပြီး အနိုင်ရရှိတဲ့ပွဲအရေအတွက် အနိမ့်ဆုံးအဖြစ် ၅ ပွဲ သာလွန်တဲ့ပမာဏပဲဖြစ်ပါတယ်။
မန်ယူဟာ နှစ်သစ်ကူးပွဲစဉ်အဖြစ် လာမယ့်ဇန်နဝါရီလ ၃၁ ရက်နေ့ကိုရောက်ရင် နော်တင်ဟမ်နဲ့ ကစားရဖို့ ရှိနေပါတယ်။
မန်ယူဟာ အက်စတွန်ဗီလာကို အနိုင်ရလိုက်ပြီးတဲ့နောက် ဘောက်ဆင်းဒေး ပရီးမီးယားလိဂ်ပွဲစဉ်ကို အိမ်ကွင်းမှာ ကစားခွင့်ရရင် ဘယ်တော့မှမရှုံးဘူးဆိုတဲ့မှတ်တမ်းကိုလည်း ဆက်လက်ထိန်းသိမ်းသွားနိုင်ခဲ့ပါတယ်။