ဒီဇင်ဘာလ ၂၆ ရက် မနက်ပိုင်းက နေပြည်တော်၊ ပုဗ္ဗသီရိမြို့နယ်၊ ဝဏ္ဏဒီပရပ်၊ ရာဇသင်္ဃဟလမ်းမနဲ့ ပိတောက်လမ်းထောင့်မှာ ခန္ဓာကိုယ် နှစ်ပိုင်းပြတ် အမျိုးသမီးရုပ်အလောင်းတစ်ခု တွေ့ရှိခဲ့ရတယ်လို့ သိရှိရပါတယ်။
ဒီရုပ်အလောင်းကို ဒီဇင်ဘာလ ၂၅ ရက် ခရစ္စမတ်နေ့ ညဘက်လူပြတ်ချိန်မှာ လာရောက်စွန့်ပစ်ထားဟန်ရှိပြီး ဒီအမျိုးသမီးရုပ်အလောင်းကို သက်ဆိုင်ရာတာဝန်ရှိသူတွေက စစ်ဆေးအပြီးမှာ နေပြည်တော် ကုတင်(၃၀၀)ဆေးရုံကြီး ပြင်ပလူနာဌာနကို ပို့ဆောင်စေခဲ့ပါတယ်။
ကုတင်(၃၀၀)ဆေးရုံကြီး ပြင်ပလူနာဌာနဆီ ပို့ဆောင်စစ်ဆေးပြီးနောက် ရေခဲတိုက်(ရင်ခွဲရုံ) ကို နေပြည်တော်အခြေစိုက်ပရဟိတအသင်းက ကူညီပို့ဆောင်ပေးခဲ့တယ်လို့ ဆိုပါတယ်။
လူမှုကွန်ရက်သတင်းတွေအရတော့ ဒီအမျိုးသမီးဟာ ဆရာဝန်ကြီးတစ်ဦးရဲ့ဇနီးဖြစ်ပြီး ပြစ်မှုကျူးလွန်ခဲ့သူ ခင်ပွန်းကလည်း ဝန်ခံချက်ပေးထားပြီးဖြစ်တယ်လို့ သိရှိရပါတယ်။