ဝိန့်စိန် ရတနာရွှေဆိုင်နဲ့ ကံစမ်းမဲကိစ္စအတွက် သဘောတူညီလိုက်ပြီဖြစ်တဲ့ မသက်သက်မာတို့ဟာ ဒီနေ့ ဒီဇင်ဘာလ ၂၇ ရက်မှာပဲ ငြိမ်းချမ်းရေးနဂါးရုံစေတီကို အုတ်မြစ်ချ လှူဒါန်းလိုက်ပြီလို့ သိရပါတယ်။
ဝိန့်စိန်ရတနာရွှေဆိုင်နဲ့ မသက်သက်မာတို့ရဲ့စုပေါင်းအလှူအဖြစ် ငြိမ်းချမ်းရေးနဂါးရုံစေတီကို အုတ်မြစ်ချ လှူဒါန်းလိုက်တာဖြစ်ပါတယ်။
မသက်သက်မာနဲ့ ထာဝရဝိန့်စိန်တို့ တွေ့ဆုံပြီး နှစ်ဦးနှစ်ဖက်လုံး အဆင်ပြေပြေနဲ့ ညှိနှိုင်းဆွေးနွေးနိုင်ခဲ့ပြီဖြစ်ကာ ဝိန့်စိန်ဘက်က မသက်သက်မာရဲ့နစ်နာခဲ့မှုအပေါ် ငွေအမောင့်တစ်ခုနဲ့ နှစ်ဦးသဘောတူ လက်ခံညှိနှိုင်းခဲ့ပြီး အရာအားလုံးအဆင်ပြေခဲ့တယ်လို့ ထာဝရဝိန့်စိန်က သူတို့ရဲ့လူမှုကွန်ရက်စာမျက်နှာမှာ ဖော်ပြထားပြီလည်းဖြစ်ပါတယ်။
ဝိန့်စိန်ဘက်က ပြောထားတဲ့အတိုင်း ကားတစ်စီးကိုလည်း သာသနာအတွက် လှူဒါန်းသွားမှာဖြစ်တဲ့အပြင် နောက်ထပ် ကားတစ်စီးကိုလည်း မသက်သက်မာကိုယ်တိုင် မဲနှိုက်ပြီး ကားကံထူးရှင်အသစ်ကို ရွေးချယ်ပေးသွားမှာဖြစ်တယ်လို့ ဝိန့်စိန်က ဆက်လက် အသိပေးထားပါတယ်။
မသက်သက်မာနဲ့ ဝိန့်စိန် ဖောက်သည်များ နာမည်နဲ့ ဘုရားတစ်ဆူတည်ပြီး အလှူပြုလုပ်မှာလို့ ဝိန့်စိန်က အသိပေးပြီးနောက် အခုတော့ ငြိမ်းချမ်းရေးနဂါးရုံစေတီကို အုတ်မြစ်ချ လှူဒါန်းလိုက်ပြီ ဖြစ်ပါတယ်။
အားလုံးလည်း အဆင်ပြေပြီး အဆိုးတစ်ခုကနေ အကောင်းနှစ်ခု ဖြစ်လာတဲ့အပေါ် သာဓု အနုမောဓနာ ခေါ်ဆိုနိုင်ကြပါစေ လို့ ဝိန့်စိန်က အသိပေးထားပါတယ်။