မန်ယူဟာ ၁၉၃၀ ပြည့်နှစ်နောက်ပိုင်း အဆိုးဆုံးစံချိန်ကို နည်းပြ တန်ဟတ်ဂ် လက်ထက်မှာ ကြုံဆုံလိုက်ရပါပြီ။ ဒါကတော့ ခရစ္စမတ် မတိုင်ခင်မှာ ရှုံးပွဲအများဆုံးကြုံရတဲ့စံချိန်ပါပဲ။
မန်ယူဟာ ၁၉၃၀ ပြည့်နှစ်ကစလို့ ပြီးခဲ့တဲ့ ၂၀၂၂-၂၃ ဘောလုံးရာသီအထိ ခရစ္စမတ်နေ့ မရောက်ခင်မှာ ဘယ်တုန်းကမှ ရှုံးပွဲ ၈ ပွဲ မရှိခဲ့ပါဘူး။
လက်ရှိဘောလုံးရာသီမှာတော့ ဝက်စ်ဟမ်းကို နှစ်ဂိုး ဂိုးမရှိနဲ့ ရှုံးလိုက်ရတဲ့ပွဲအပြီးမှာ မန်ယူက ပရီးမီးယားလိဂ်ရှုံးပွဲ ၈ ပွဲအထိ ရှိသွားခဲ့ပါပြီ။
ဝက်စ်ဟမ်းကို ရှုံးနိမ့်ပြီးတဲ့နောက် မန်ယူက အမှတ်ပေးဇယားရဲ့အဆင့် ၈ နေရာအထိ ဆင်းပေးလိုက်ရသလို ဖိအားတွေလည်း တိုးသွားခဲ့ရပြီဖြစ်ပါတယ်။
ဘောက်ဆင်းဒေးနေ့ကိုရောက်ရင် မန်ယူက အက်စတွန်ဗီလာနဲ့ ကစားရဖို့ ရှိနေပြီး အဲ့ဒီပွဲစဉ်မှာပါ ရလဒ်ထပ်ဆိုးခဲ့ရင်တော့ နည်းပြ တန်ဟတ်ဂ်ရဲ့အနာဂတ်က အာမခံချက်ကင်းမဲ့သွားဖို့ သေချာသလောက်ရှိနေပြီပဲဖြစ်ပါတယ်။