Join Us : Telegram Icon Threads Icon
Latest Updates >>>
MENU

ဟာဘင်းမြို့ရဲ့ကျက်သရေဆောင် ဧရာမ နှင်းလူသားရုပ်ကြီး ဖန်တီးပြီးသွားပြီ

ဟေလောင်ကျန်းပြည်နယ်၊ ဟာဘင်းမြို့က ပန်းခြံထဲမှာ နှစ်စဉ် တည်ဆောက်ပုံဖော်နေကျဖြစ်တဲ့ ဧရာမနှင်းလူသားရုပ်ကြီးကို ဖန်တီးပြီးသွားပြီလို့ သိရှိရပါတယ်။

ဧရာမ နှင်းလူသားရုပ်ကြီးဟာ ဟာဘင်းမြို့ရဲ့ကျက်သရေဆောင်အမှတ်အသားတစ်ခုဖြစ်ပြီး ဆောင်းရာသီကာလ ဒီအချိန် ဒီအခါကိုရောက်ရင် အမြဲတမ်းပဲ နှစ်စဉ်ပုံဖော်လေ့ရှိပါတယ်။

ဒီနှစ်မှာလည်း အနီရောင်တောက်တောက် ဦးထုပ်ကို ဆောင်းပြီး မီးရှူးတိုင်ကို ကိုင်ဆောင်ထားတဲ့ ဧရာမနှင်းလူသားရုပ်ကြီးက ဟာဘင်းမြို့မှာ တည်ရှိနေပြီပဲဖြစ်ပါတယ်။

ဧရာမနှင်းလူသားရုပ်ကြီးဟာ မီတာ ၂၀ မြင့်ပြီး နှင်းထုပမာဏ ၂,၀၀၀ ကုဗမီတာနဲ့ တည်ဆောက်ထားတာဖြစ်တယ်လို့ သိရပါတယ်။

အခုအချိန်ဆိုရင် ဟာဘင်းမြို့ရဲ့ဆောင်းရာသီအလှနဲ့ အခုလိုဖန်တီးထားတဲ့ ဧရာမနှင်းလူသားရုပ်ကြီးကို ကြည့်ရှုခံစားဖို့အတွက် ကမ္ဘာလှည့်ခရီးသွားတွေဟာ ဝင်လာမစဲ တသဲသဲ ရောက်လာတတ်လေ့ရှိပါတယ်။

Close menu