ဟောလိဝုဒ်အကျော်အမော် သရုပ်ဆောင်မင်းသမီး အန်ဂျလီနာဂျိုလီရဲ့ကမ္ဘာကျော်စကားတစ်ခွန်း ရှိပါတယ်။
ယောက်ျားလေးတွေဆိုတာ ကိုယ့်ချစ်သူကို ချောပေ့လှပေ့၊ နတ်ကျက်သရေနဲ့ ခညောင်းနေပေ့ဆိုသူကိုမှ လိုချင်သူချည်းပါပဲ။
နတ်သမီးလေးလို ချောမောလွန်းတဲ့မင်းကိုမှ ကိုယ်က တမ်းတယစ်မူးဖြစ်နေရတာပါ လို့ ယောက်ျားတိုင်းဟာ ဂုဏ်ဆာချင်သူချည်းပါပဲ။
အန်ဂျလီနာဂျိုလီက ပြောပါတယ်။ “ယောက်ျားတိုင်းဟာ မိန်းမတစ်ယောက်ကို သူ့ဘဝထဲက နတ်သမီးလို့ဖြစ်လာဖို့ မျှော်လင့်ချက်ထားနေရင် အဲ့ဒီနတ်သမီးအတွက် ကောင်းကင်ဘုံတစ်ခုကို အဲ့ဒီယောက်ျားက ဖန်တီးနိုင်ဖို့ လိုပါတယ်။ ဘာကြောင့်လဲဆိုတော့ ဘယ်နတ်သမီးကမှ ငရဲမှာ မနေပါဘူး”တဲ့။
ဒီတော့ အန်ဂျလီနာဂျိုလီရဲ့စကားကို ကိုးကားရရင် ယောက်ျားတစ်ယောက်ဟာ နတ်သမီးကိုမှ လိုချင်လာပါသလား၊ ဒါဆိုရင် နတ်သမီးနေဖို့ ကောင်းကင်ဘုံကို အရင်ဖန်တီးလိုက်ပါလို့သာ လမ်းညွှန်ရဖို့ ရှိပါတော့တယ်။ ဘယ်နတ်သမီးကမှ ငရဲမှာ နေမပျော်ဘူးလေ။