Join Us : Telegram Icon Threads Icon
Latest Updates >>>
MENU

အသင်းမှာရှိတဲ့ ကစားသမားအားလုံးကို ပြောင်းရွှေ့ကြေးညှိနှိုင်းလို့ အဆင်ပြေရင် ရောင်းထုတ်ပေးမယ်လို့ ဘာစီလိုနာ ဈေးကွက်တင်လိုက်ပြီ

ဘာစီလိုနာအသင်းဟာ အသင်းမှာရှိတဲ့ ကစားသမားအားလုံးကို အရောင်းဈေးကွက်တင်ထားလိုက်ပါပြီ။

ပြောင်းရွှေ့ကြေး ညှိနှိုင်းလို့ အဆင်ပြေခဲ့မယ်ဆိုရင် ဘာစီလိုနာဆီက ဘယ်ကစားသမားကိုပဲ လိုချင်သည်ဖြစ်စေ ဝယ်ယူနိုင်တော့မယ့်သဘောပါပဲ။

တိုက်စစ်မှူး လီဝန်ဒေါစကီးလို ကစားသမားကို လိုချင်ရင်တောင် ဘာစီလိုနာက အရောင်းဈေးကွက်တင်ထားတာဖြစ်လို့ ရောင်းထုတ်ပေးဖို့ ရှိနေပြီဖြစ်ကြောင်း Goal သတင်းမီဒီယာပ ရေးသားထားပါတယ်။

ဘာစီလိုနာဟာ အသင်းရဲ့ဘဏ္ဍာရေးအခြေအနေ ဆိုးဆိုးရွားရွား ဆက်လက်ကျပ်တည်းလာလို့ အသင်းကစာသမားတွေကို ရောင်းထုတ်တဲ့နည်းလမ်းနဲ့ပဲ ဒါကို ဖြေရှင်းရဖို့ ရှိပါတော့တယ်။

ဒါကြောင့်လည်း အသင်းမှာရှိတဲ့ ကစားသမားအားလုံးကို ဘာစီလိုနာတာဝန်ရှိသူတွေဘက်ကနေ အရောင်းဈေးကွက် တင်လိုက်တဲ့သဘောပါပဲ။ အသင်းနဲ့ နည်းပြ ဇာဗီအတွက်တော့ ဒါဟာ အိပ်မက်ဆိုးတစ်ခုပဲ ဖြစ်ပါတော့တယ်။