နယူးယောက်၊ ဒီဇင်ဘာ၂၀
Meta ပလက်ဖောင်းနဲ့ Facebook လူမှုကွန်ရက်ရဲ့ CEO အဖြစ် တာဝန်ယူထားတဲ့ မာ့ခ်ဇူကာဘတ် ဟာ အမေရိကန်ပြည်ထောင်စုရဲ့သမိုင်းထဲမှာ အကြီးမားဆုံးစံအိမ်စာရင်းဝင်စာရင်းထဲ ပါဝင်မယ့် စံအိမ်ကြီးကို တည်ဆောက်နေပြီလို့ သိရပါတယ်။
ဒီစံအိမ်ကြီး တည်ဆောက်ပြီးသွားရင် အမေရိကန်ပြည်ထောင်စုက အကြီးမားဆုံးစံအိမ်တွေထဲ တစ်လုံးအပါအဝင်ဖြစ်လာလိမ့်မယ်လို့ သတင်းမီဒီယာတွေက အသိပေးထားပါတယ်။
ဇူကာဘတ် ဟာ ဒီစံအိမ်ကြီးကို ဟာဝိုင်အီမှာ တည်ဆောက်ဖို့ စီစဉ်ထားပြီး အမေရိကန်ဒေါ်လာ သန်း ၂၇၀ တန်တဲ့စံအိမ်ကြီးဖြစ်လာမယ်လို့ ဆိုပါတယ်။
အခုတည်ဆောက်မယ့် စံအိမ်ကြီးရဲ့ဧရိယာထဲမှာ ကိုယ်ပိုင်ကျေးရွာ၊ စတုရန်းပေ ၅,၀၀၀ ရှိ ကြီးမားလှတဲ့ မြေအောက်ဘန်ကာကြီး ပါဝင်လာမယ်လို့ သိရပါတယ်။
စံအိမ်ကြီး ဆောက်လုပ်ပြီးစီးသွားခဲ့ရင် ဒီစံအိမ်က အမေရိကန်ပြည်ထောင်စုရဲ့အကြီးဆုံးစံအိမ်စာရင်းထဲမှာ တစ်လုံးအပါအဝင် ဖြစ်သွားတော့မှာပဲဖြစ်ပါတယ်။