Join Us : Telegram Icon Threads Icon
Latest Updates >>>
MENU

ကွန်တိန်နာယာဉ်နဲ့ ဘေးတွဲဆိုင်ကယ် တိုက်မိ၊ အသက် ၁ နှစ်ကျော် ကလေး အပါအဝင် ၃ ဦး ‌ေ..—သဆုံး

ရန်ကုန်တိုင်းဒေသကြီး၊ မရမ်းကုန်းခရိုင်၊ မရမ်းကုန်းမြို့နယ်၊ ဘုရင့်နောင်လမ်းမကြီး၊ ကံ့ကော်လမ်းမကြီးရဲ့ထိပ်မှာ ကွန်တိန်နာယာဉ်နဲ့ ဘေးတွဲဆိုင်ကယ်တို့ တိုက်မိခဲ့ပြီး အသက် ၁ နှစ်နဲ့ ၆ လအရွယ် ကလေးငယ်လေး အပါအဝင် ၃ ဦး အသက်ဆုံးရှုံးသွားခဲ့ရတယ်လို့ သိရပါတယ်။

ဒီဇင်ဘာလ ၁၈ ရက် ည ၈ နာရီခွဲအချိန်လောက်မှာ ခရီးသည်တွေ တင်ဆောင်လာတဲ့ ဘေးတွဲဆိုင်ကယ်က ဘုရင့်နောင်ဈေးလမ်းထောင့်မှာ လမ်းပြောင်းပြန်မောင်းလာခဲ့ပြီး အဲ့ဒီအချိန်မှာ ကွန်တိန်နာယာဉ်နဲ့ မျက်နှာချင်းဆိုင်တိုက်မိသွားခဲ့တယ်လို့ ဆိုပါတယ်။

ဘေးတွဲမော်တော်ဆိုင်ကယ်ပေါ်မှာ လိုက်ပါလာသူတွေဟာ မျက်နှာချင်းဆိုင် တိုက်မိပြီးတဲ့နောက် ကားဘီးအောက်ကို ရောက်သွားကြကာ ကားကြိတ်ခံလိုက်ရတဲ့အတွက် ပြည်သူတွေကနေ မြတ်ကုသိုလ်လူမှုကယ်ဆယ်ရေးအဖွဲ့ဆီ ဖုန်းနဲ့ဆက်သွယ် အကြောင်းကြားလိုက်ရပါတယ်။

လက်ရှိမှာ ကွန်တိန်နာယာဉ်မောင်းနှင်လာတဲ့ ယာဉ်မောင်းဖြစ်သူက ထွက်ပြေးတိမ်းရှောင်နေပြီး ကားဘီးနဲ့ကြိတ်မိလို့ ကွယ်လွန်သွားခဲ့သူတွေက အမျိုးသား ၁ ဦး၊ အမျိုးသမီး ၁ ဦးနဲ့ အသက် ၁ နှစ် ၆ လအရွယ် ကလေးတို့ ဖြစ်ကြပါတယ်။