Join Us : Telegram Icon Threads Icon
Latest Updates >>>
MENU

အခွန် ၂ ရာခိုင်နှုန်းကိစ္စကို ထိုင်းရောက် မြန်မာလုပ်သားတချို့ ကုလရုံးရှေ့မှာ ဆန္ဒသွားပြ

အခွန် ၂ ရာခိုင်နှုန်းကောက်ခံမယ့် နစကရဲ့အစီအစဥ်ကို ကန့်ကွက်တဲ့အနေနဲ့ ထိုင်းရောက်မြန်မာလုပ်သားတချို့က ဆန္ဒပြတာတွေရှိနေတယ်လို့ သိရှိရပါတယ်။

ထိုင်းရောက် မြန်မာလုပ်သားတွေဆီကနေ ဝင်ငွေခွန် ၂ ရာခိုင်နှုန်းကို အခွန်အဖြစ် ကောက်ခံမယ်ဆိုတာ ဘန်ကောက်အခြေစိုက် မြန်မာသံရုံးက ကြေညာချက် ထုတ်ပြန်ထားခဲ့တာပါ။

ထိုင်းနိုင်ငံမှာ အလုပ်လုပ်ကိုင်နေတဲ့ မြန်မာနိုင်ငံသားတွေဟာ စက်ရုံနဲ့ အလုပ်ရုံ၊ စိုက်ပျိုးရေးနဲ့ မွေးမြူရေး၊ ဆောက်လုပ်ရေး၊ ဝန်ဆောင်မှုလုပ်ငန်း၊ အထွေထွေလုပ်သားစတဲ့ Blue Collar နေရာကနေ လုပ်ကိုင်နေကြရပြီး သူတို့ရဲ့လစဉ်ဝင်ငွေက ဘတ်ငွေအားဖြင်ြ ဘတ် ၇၅၀၀ နှုန်း ရှိနေပါတယ်။

အခုထုတ်ပြန်ချက်အရ ဒီလုပ်သားတွေဟာ ဝင်ငွေခွန် ၂ ရာခိုင်နှုန်းအဖြစ် ၁၅၀ ဘတ်ကို ဝင်ငွေခွန်အဖြစ် လစဉ်ပေးသွင်းကြရတော့မှာပဲဖြစ်ပါတယ်။

ထိုင်းနိုင်ငံရဲ့ကုမ္ပဏီတွေ(ရေကြောင်းကုမ္ပဏီအပါအဝင်)၊ ဆေးရုံတွေ၊ တက္ကသိုလ်နဲ့ ကောလိပ်တွေ၊ ဆောက်လုပ်ရေးအင်ဂျင်နီယာတွေ၊ စက်ရုံနဲ့ အလုပ်ရုံအင်ဂျင်နီယာတွေစတဲ့ White Collar တွေရဲ့ဝင်ငွေခွန်ကို ကောက်ခံတာမှာတော့ လစာဝင်ငွေအပေါ် ၂ ရာခိုင်နှုန်း အခွန်တွက်ချက်တာမှန်ပေမယ့် ထိုင်းနိုင်ငံမှာ အခွန်ဆောင်ထားတယ်ဆိုရင် ၂ ရာခိုင်နှုန်း အခွန်တွက်ချက်ရငွေကနေ နုတ်ပြီးတော့မှ ကျန်ငွေကိုပဲ ပေးသွင်းရမယ်လို့ ဆိုပါတယ်။

အခုဆန္ဒပြပွဲကို မြန်မာသံရုံးရှေ့မှာ လုပ်ခဲ့တာမဟုတ်ဘဲ ဘန်ကောက်မြို့မှာရှိတဲ့ ကုလသမဂ္ဂရုံးအရှေ့မှာ ဒီနေ့ ဒီဇင်ဘာ ၁၇ ရက်၊ မနက်ပိုင်းက ပြုလုပ်သွားခဲ့တာလို့ ဆိုပါတယ်။