Join Us : Telegram Icon Threads Icon
Latest Updates >>>
MENU

မန်ယူဂိုးသမား အိုနာနာအတွက် ဆုပ်လည်းစူး၊ စားလည်းရူးစရာ ဗျာများရတဲ့အချိန်ကို ရောက်ပြီ

—————–

မန်ချက်စတာ၊ ဒီဇင်ဘာ ၁

မန်ယူဂိုးသမား အိုနာနာအတွက် ဗျာများရမယ့်အချိန်ကို ရောက်လာခဲ့ပြီလို့ ဗြိတိန်သတင်းမီဒီယာတွေက ရေးသားဖော်ပြလာခဲ့ပါတယ်။

အိုနာနာ ဟာ လက်ရှိမှာတော့ မန်ယူရဲ့ပွဲထွက်ဂိုးသမားနေရာကို ရယူထားနိုင်ဆဲဖြစ်ပြီး သူ့အတွက် လာမယ့်ဇန်နဝါရီလကိုရောက်ရင် ကြီးမားလှတဲ့အလှည့်အပြောင်းတစ်ခု ရောက်ရှိလာမှာကို အိုနာနာက စိုးရိမ်ပူပန်နေပါတယ်။

လာမယ့်ဇန်နဝါရီလကိုရောက်ရင် အိုနာနာက အာဖရိကနိုင်ငံများဖလားပွဲ ကစားဖို့အတွက် ကင်မရွန်းလက်ရွေးစင်ဘောလုံးအသင်းအတွက် ပါဝင်ကစားပေးဖို့ အိုနာနာက သွားရောက်ရမှာဖြစ်ပါတယ်။

ဒါပေမဲ့ လက်ရှိရင်ဆိုင်နေရတဲ့အခြေအနေတွေအရ အိုနာနာ ဟာ ကင်မရွန်းလက်ရွေးစင်အသင်းဆီကို ပြန်မသွားဘဲ မန်ယူအတွက် ဆက်လက် ပါဝင်ကစားပေးဖို့ကိုပဲ စိတ်အာသီသပြင်းပျနေတယ်လို့ သိရှိရပါတယ်။

မန်ယူဟာ ဇန်နဝါရီလထဲရောက်ရင် ကစားရမယ့် ပရီးမီးယားလိဂ်ပွဲစဉ်တွေနဲ့ အက်ဖ်အေဖလားပွဲစဉ်တွေကို အိုနာနာ မရှိခဲ့ရင် အရန်ဂိုးသမားကို နေရာပေးပြီး ပွဲထုတ်ရတော့မှာပဲဖြစ်ပါတယ်။

တကယ်လို့ အဲ့ဒီပွဲစဉ်တွေမှာသာ အရန်ဂိုးသမားက လက်စွမ်းပြနိုင်ခဲ့ရင် သူ့ရဲ့ ဦးစားပေးပွဲထွက်ခွင့်တစ်နေရာစာပျောက်သွားမှာကို အိုနာနာက စိုးရိမ်နေတာပဲဖြစ်ပါတယ်။

ကမ္ဘာ့ဘောလုံးအဖွဲ့ချုပ်(ဖီဖာ)ကလည်း ကင်မရွန်းလက်ရွေးစင်အသင်းက ခေါ်ယူပါလျက်နဲ့ အိုနာနာဘက်ကနေ သွားမကစားပေးဘူးဆိုရင် ဖီဖာရဲ့စည်းမျဉ်းအရ မန်ယူမှာ ပွဲထွက်ပါဝင်ကစားခွင့်ကိုလည်း ပိတ်ပစ်လိုက်ဖွယ်ရှိတယ်လို့ သိရှိရပါတယ်။

အလွဲကြီး လွဲမြဲ၊ လွဲဆဲ၊ လွဲနေဆဲဖြစ်တဲ့ မန်ယူဂိုးသမား အိုနာနာ အတွက်တော့ ဒါဟာ ဆုပ်လည်းစူး၊ စားလည်းရူးဆိုတဲ့ အခြေအနေတစ်ရပ်ဖြစ်လာတော့မှာ ကျိန်းသေပါပဲ။

May be an image of 3 people, people playing American football, people playing football, studded shoes and text