Join Us : Telegram Icon Threads Icon
Latest Updates >>>
MENU

တစ်ချိန်က အောင်မြင်ခဲ့တဲ့ ဖီလစ်ပီ လူးဝစ် ကစားသမားဘ၀က နားပြီ

————————–

ဒီဇင်ဘာ ၁

အက်သလက်တီကိုနဲ့ ချဲလ်ဆီးနောက်ခံလူဟောင်း ဖီလစ်ပီ လူးဝစ်ကတော့ ဘောလုံးသမားဘ၀ကနေ အနားယူတော့မှာဖြစ်ကြောင်း ကြေညာသွားခဲ့ပြီဖြစ်ပါတယ်။

လက်ရှိအချိန်မှာ အသက် ၃၈ နှစ်အရွယ်ရှိပြီဖြစ်တဲ့ လူးဝစ်ဟာ သူ့ကစားသမားဘ၀ နောက်ဆုံးပွဲကိုတော့ လာမယ့် တနင်္ဂနွေနေ့မှာ ကစားရမှာဖြစ်ပါတယ်။

စပိန်ထိပ်သီးကလပ် အက်သလက်တီကိုအသင်းမှာ ၈ ရာသီကြာကစားခဲ့ပြီး လာလီဂါဖလား ၁ ကြိမ်၊ ကိုပါဒယ်ရေး ၁ ကြိမ်၊ ယူရိုပါလိဂ်ဖလား ၂ ကြိမ်၊ ဥရောပစူပါဖလား ၂ ကြိမ်ရရှိခဲ့သလို ချဲလ်ဆီးအသင်းကို တစ်ရာသီကြာလာရောက်ကစားချိန်မှာလည်း ပရီးမီးယားလိဂ်ဖလားနဲ့ ကားလင်းဖလားတို့ကို ဆွတ်ခူးနိုင်ခဲ့သူဖြစ်ပါတယ်။

၂၀၁၉ ခုနှစ်မှာတော့ ဥရောပမြေကိုစွန့်ခွာကာ ဘရာဇီးလ်ကလပ် ဖလာမင်ဂိုဆီ ပြောင်းရွှေ့လာခဲ့ပြီး ၅ နှစ်တာကာလအတွင်းမှာ လိဂ်ဖလား ၂ ကြိမ်၊ ကိုပါ လစ်ဘာတာဒေါ့စ် ၂ ကြိမ်အပါအဝင် ဆုဖလား ၈ လုံးအထိ ရယူနိုင်ခဲ့ပြန်ပါတယ်။

အနားယူရခြင်းနဲ့ပတ်သက်ပြီး လူးဝစ်က “တကယ်တမ်းဆိုရင် အသက် ၄၅ နှစ်လောက်အထိ ကစားချင်ပေမယ့် ကံမကောင်းခဲ့ပါဘူး။ ကျွန်တော့်အနေနဲ့ အဆင့်အတန်းတစ်ခုမှာ မကစားနိုင်တော့တဲ့အတွက် အနားယူဖို့ ဆုံးဖြတ်လိုက်ရတာပါ” လို့ ပြောဆိုသွားခဲ့ပါတယ်။

ဖီလစ်ပီ လူးဝစ်ဟာ ဘရာဇီးလ်လက်ရွေးစင်အသင်းအတွက်လည်း ၄၄ ပွဲအထိ ကစားပေးနိုင်ခဲ့ပြီး သွင်းဂိုး ၂ ဂိုး ရရှိခဲ့သူဖြစ်ပါတယ်။