Join Us : Telegram Icon Threads Icon
Latest Updates >>>
MENU

Sweet December ဟာ စက်သုံးဆီစျေးတွေ ထိုးတက်ကုန်လို့ Sweet December မဖြစ်နိုင်တော့

————————-

ရန်ကုန်၊ ဒီဇင်ဘာ ၁

Sweet December လို့ လူအများခေါ်ဝေါ်ကြတဲ့ ဒီဇင်ဘာလအစပြုတဲ့ ဒီဇင်ဘာလ ၁ ရက်နေ့မှာပဲ စက်သုံးဆီစျေးနှုန်းတွေဟာ အံ့ဩစရာကောင်းလောက်အောင် စျေးထိုးတက်သွားခဲ့ပါတယ်။ …

ဒီနေ့မနက်မှာတင် 92 Ron တစ်လီတာကို (၂၅၁၀) ကျပ်၊ 95 Ron တစ်လီတာကို (၂၆၄၀) ကျပ်၊

Diesel တစ်လီတာကို (၂၂၁၀) ကျပ်၊ Diesel P တစ်လီတာကို (၂၃၀၅) ကျပ် အသီးသီးစျေးထိုးတက်သွားခဲ့ပါတယ်။

အခုလိုမျိုး စက်သုံးဆီစျေးနှုန်းတွေ စျေးထိုးတက်သွားတဲ့အတွက် ကိုယ်ပိုင်ကား မောင်းသူတွေ၊ တက္ကစီပြေးဆွဲသူတွေဟာ ညည်းတွားနေကြပြီပဲဖြစ်ပါတယ်။

“ဘုရားတမိတာပါပဲ။ အခုလို စျေးတွေထိုးတက်သွားမယ်လို့ ဘယ်သူက ထင်ထားမှာလဲ။ မနက်စောစော ဆီသွားထည့်ပြီး ဘုရားတပြီးပဲ ပြန်လာခဲ့ရတယ်” လို့ ကိုယ်ပိုင်ကားမောင်းနေသူတစ်ဦးက ပြောပြပါတယ်။

“စက်သုံးဆီ ရှားပါးသလိုလို လုပ်ပြတယ်။ ပြီးတော့ ဆီတွေဝင်လာပြီဆိုပြီး အဆင်ပြေသွားသလိုလို ဆီဆိုင်ပိုင်ရှင်တေွက ထပ်လုပ်ပြတယ်။ ပြီးတော့ အခုလိုစျေးတင်ပြီး စျေးတက်ပစ်လိုက်တယ်။ ဆီဆိုင်တွေဘက်က စျေးတင်ရောင်းချင်လို့ကို အစမှာ ဆီရှားသလိုလို လုပ်ပြလိုက်တာပဲလို့ ထင်မိတယ်” ဆိုပြီး တက္ကစီယာဉ်မောင်းတစ်ဦးကလည်း အသိပေးသွားခဲ့ပါတယ်။

May be an image of text