Join Us : Telegram Icon Threads Icon
Latest Updates >>>
MENU

သူ့နာမည်နဲ့ အကောင့်တုဖွင့်ကာ ငွေလိမ်နေလို့ စိတ်မကောင်းဖြစ်နေရသူ ပရဟိတ ကိုထွန်းမင်း

ဖေ့စ်ဘွတ်ခ်ပေ့ချ်က အနီထိနေသလို သူ့နာမည်ကို အလွဲသုံးစားလုပ်ကာ အကောင့်တုနဲ့ အလှူငွေကောက်ခံ ငွေလိမ်နေလို့ အခက်ကြုံနေရသူ ပရဟိတ ကိုထွန်းမင်း
——————
ကိုထွန်းမင်း ဟာ ပရဟိတလုပ်ငန်းတွေကို လုပ်ကိုင်ရင်း ဘဝကို ဖြတ်သန်းနေသူပါ။ ဒီနေ့ ဒီအချိန်မှာတော့ ရတက်ပွေစရာ၊ စိတ်မကောင်းဖြစ်စရာ အခက်အခဲတစ်ခုကို ကိုထွန်းမင်းက ရင်ဆိုင်နေရပါတယ်။ ပရဟိတတွေကို ကိုယ်စွမ်းဉာဏ်စွမ်းရှိသရွေ့ စိတ်ကိုနှစ်ပြီး ဆောင်ရွက်နေသူဖြစ်လို့ ကိုထွန်းမင်းကို လှူချင်တန်းချင်တဲ့ အလှူရှင်တွေကလည်း အများအပြား ရှိလို့နေပါတယ်။ ဒါကို လိမ်လည်သူတွေက ကိုထွန်မင်းနာမည်၊ ကိုထွန်းမင်းရုပ်ပုံနဲ့ Facebook အကောင့်တု ဖွင့်လှစ်ပြီး အသုံးချတော့တာပါပဲ။ ကိုထွန်းမင်းရဲ့ Facebook Page(ဖေ့စ်ဘွတ်ခ်စာမျက်နှာ)မှာ ကွန်မန့်(Comment)ဝင်ရောက်ရေးသားသူတွေကို ကိုထွန်းမင်း အကောင့်တု ဖွင့်လှစ်ထားသူက သွား Add ပြီး အလှူခံကာ ငွေလိမ်လည်ကောက်ခံလိုက်တာကြောင့် ကိုထွန်းမင်းဟာ အခက်ကြုံရပါတော့တယ်။ အလှူထည့်သူတွေက သူ့ဆီကို ဖုန်းဆက်လာချိန်ရောက်မှ အဖြစ်အပျက်တွေကို သိလိုက်ရပြီး အလှူရှင်တချို့ကဆိုရင် သူ့ကို အထင်အမြင် လွဲမှားတာမျိုးတွေတောင် ဖြစ်သွားခဲ့တယ်လို့ ကိုထွန်းမင်းက ရင်ဖွင့်ပါတယ်။ သူ့ရဲ့ဖေ့စ်ဘွတ်ခ်စာမျက်နှာက အနီထိသွားတဲ့အတွက်လည်း ဘာလုပ်ရမှန်းမသိ ဖြစ်နေတယ်လို့ ကိုထွန်းမင်းက ပြောပြပါတယ်။ ကိုထွန်းမင်းရဲ့နာမည်ကို အလွဲသုံးစားလုပ်ပြီး အကူအညီလိုနေသူတွေရဲ့ပုံရိပ်ကို အသုံးချကာ ငွေလိမ်လည်နေတာကြောင့် သူ့ဆီကို လှူဒါန်းချင်ရင် တယ်လီဖုန်းဆက်၊ Video Call တိုက်ရိုက်ခေါ်ဆိုပြီးမှ လှူဒါန်းပါလို့လည်း ကိုထွန်းမင်းက မချိတင်ကဲ ရင်ဖွင့်ပါတယ်။ စိတ်မကောင်းဖြစ်စရာတွေကို ရင်ဆိုင်နေရပေမယ့် ကိုထွန်းမင်းဟာ သူချစ်တဲ့ ပရဟိတလုပ်ငန်းတွေကို လုပ်ကိုင်နေဆဲဖြစ်တဲ့အကြောင်း Mercury Variety က တင်ဆက်ဖော်ပြပေးလိုက်ပါတယ်။ #MercuryVariety #MV #MercuryExclusiveInterview #ExclusiveInterview #MercuryLifeStory #LifeStory #KoHtunMinn #ကိုထွန်းမင်း #စေတနာရှင် #ပရဟိတ #အလှူဒါန #ငွေလိမ်လည် #အခက်ကြုံ #Yangon #Myanmar