Join Us : Telegram Icon Threads Icon
Latest Updates >>>
MENU

အာဇာနည်ကုန်း ဗုံးခွဲသူတွေကို မေ့ဆေးသေနတ်နဲ့ပစ်ပြီး အရှင်ဖမ်းပေးဖို့ တာဝန်ယူခဲ့ရသူ ဦးစံမြင့်

အာဇာနည်ကုန်း ဗုံးခွဲမှုတုန်းက ရာဇဝတ်သား ပြစ်မှုကျူးလွန်သူတွေကို မေ့ဆေးသေနတ်နဲ့ပစ်ပြီး အရှင်ဖမ်းဆီးပေးဖို့ တာဝန်ယူခဲ့ရသူ သရုပ်ဆောင် ဦးစံမြင့်
————–
မောင်မင်းလူကလေး ဒိုင်ယာလော့ဂ်စကားသံနဲ့ သခင်ကြီးဇာတ်ရုပ်ကို ပိုင်ပိုင်နိုင်နိုင်သရုပ်ဆောင်ခဲ့တဲ့ သရုပ်ဆောင် ဦးစံမြင့်ဆီမှာ သမိုင်းကြောင်းနဲ့ချီတဲ့ အမှတ်တရတစ်ခု ရှိခဲ့ပါတယ်။ အဲ့ဒါကတော့ အာဇာနည်ကုန်းကို ဗုံးခွဲတိုက်ခိုက်တဲ့ မြောက်ကိုရီးယားက ရာဇဝတ်မှုကျူးလွန်သူ တရားခံတွေကို ဖမ်းဆီးဖို့ တာဝန်ပေးအပ်ခံရသူတွေထဲမှာ ဦးစံမြင့်က တစ်ယောက်အပါအဝင် ဖြစ်ခဲ့တာပါပဲ။ မေ့ဆေးသေနတ်ကို ကျွမ်းကျင်ပိုင်နိုင်စွာ ကိုင်တတ်သလို မေ့ဆေးသေနတ်ပစ်တဲ့ဘက်မှာ ထူးချွန်တာကြောင့် သူ့ကို ဟယ်လီကော်ပတာ စီးနင်းစေပြီး ဟယ်လီကော်ပတာပေါ်ကနေ ပြစ်မှုကျူးလွန်သူတွေကို မေ့ဆေးသေနတ်နဲ့ပစ်ကာ အရှင်ဖမ်းဆီးပေးဖို့ တာဝန်ယူစေခဲ့ကြောင်း အဘ ဦးစံမြင့်ရဲ့ပြောကြားချက်တွေအရ သိရှိရပါတယ်။ အာဇာနည်ကုန်း ဗုံးဖောက်ခွဲမှု ကျူးလွန်သူတွေကို ဖမ်းဆီးရာမှာ ကိုယ်တိုင်ကိုယ်ကျ ကျရာကဏ္ဍကနေ ပါဝင်ခဲ့တဲ့ မမေ့နိုင်စရာ သမိုင်းကြောင်း အမှတ်တရတွေကို အဘ ဦးစံမြင့်က ဘယ်လို ပြောပြခဲ့သလဲဆိုတာ Mercury Variety ပရိသတ်တွေအတွက် တင်ဆက်ပေးလိုက်ပါတယ်။
#MercuryVariety #MV #MercuryExclusiveInterview #ExclusiveInterview #MercuryLifeStory #LifeStory #USanMyint #ဦးစံမြင့် #အာဇာနည်နေ့ #အာဇာနည်ကုန်း #Actor #Celebrity #Celebrities #မေ့ဆေးသေနတ် #တာဝန်ယူ #အရှင်ဖမ်း #သမိုင်းမှတ်တမ်း #Yangon #Myanmar