Join Us : Telegram Icon Threads Icon
Latest Updates >>>
MENU

ငယ်ငယ်က ဆေးထိုးမှားလို့ မျက်စိကွယ်ခဲ့ရပေမယ့် အခုအချိန်မှာ မျက်မမြင် အကြောပြင်ဆရာဖြစ်နေသူ ဦးမရမ်းသီး

ငယ်ငယ်က ဆေးထိုးမှားပြီး မျက်စိကွယ်သွားခဲ့လို့ မိသားစုဝင်တွေရဲ့နှိမ့်ချဆက်ဆံတာကို ခံခဲ့ရပေမယ့် အခုအချိန်မှာတော့ မျက်မမြင် အကြောပြင်ဆရာအဖြစ် ရပ်တည်နေပြီဖြစ်တဲ့ ဦးမရမ်းသီး
—————-
ဦးမရမ်းသီး ဟာ မျက်မမြင် အကြောပြင်ဆရာအဖြစ် ရပ်တည်နေသူဖြစ်ပါတယ်။ တကယ်က ဦးမရမ်းသီးဟာ မျက်မမြင်အဖြစ် မွေးဖွားလာခဲ့သူ မဟုတ်ပါဘူး။ ငယ်စဉ်ကလေးဘဝက ဆေးထိုးမှားခဲ့လို့ မျက်စိကွယ်သွားခဲ့ရသူပါ။ အဲ့ဒီလို မျက်စိကွယ်သွားချိန်မှာ မိသားစုဝင်တွေရဲ့နှိမ့်ချဆက်ဆံတာကို ခံခဲ့ရတာကြောင့် သူ့အနေနဲ့ သတ်သေပစ်လိုက်ဖို့အထိတောင် စဉ်းစားခဲ့ဖူးတယ်လို့ ဦးမရမ်းသီးက ရင်ဖွင့်ပါတယ်။ သူ့ကို အဲ့ဒီကာလတုန်းက မိသားစုဝင်တွေဘက်ကနေ ဝန်ထုပ်ဝန်ပိုးတစ်ခုလို ဆက်ဆံခဲ့ကြောင်း ဦးမရမ်းသီးက ပြောပြခဲ့ပါသေးတယ်။ အခုအချိန်မှာတော့ ဦးမရမ်းသီးက ကိုယ်ပိုင်မိသားစုဘဝလေးတစ်ခုကို ပိုင်ဆိုင်နေပါပြီ။ သားသမီးတွေ ရလာခဲ့တဲ့အချိန်ကိုရောက်မှ သူ့အနေနဲ့ သေရမှာကို ကြောက်လာခဲ့တာဖြစ်တယ်လို့ ဦးမရမ်းသီးက အသိပေးပါတယ်။ အကြောပြင် အနှိပ်ခံ လာရောက်သူတွေ နည်းပါးတဲ့နေ့မှာဆိုရင် ဦးမရမ်းသီးက မိသားစုအရေးကို တွေးပူပြီး ရင်မောတတ်နေပေမယ့် အကြောပြင် အနှိပ်ခံသူ များတဲ့နေ့မျိုးမှာဆိုရင်တော့ ဘယ်လောက်ပဲ ပင်ပန်းပါစေ မိသားစုအတွက် ဘာလုပ်ပေးမယ်ဆိုတဲ့အတွေးတစ်စနဲ့ ဦးမရမ်းသီးက ပျော်ရွှင်နေတတ်ပါတယ်။ ငယ်ငယ်က ဆေးထိုးမှားပြီး မျက်စိကွယ်သွားခဲ့လို့ မိသားစုဝင်တွေဆီက ဝန်ထုပ်ဝန်ပိုးတစ်ရပ်လို နှိမ့်ချဆက်ဆံတာကို ခံခဲ့ရပေမယ့် အခုအချိန်မှာတော့ မျက်မမြင် အကြောပြင်ဆရာအဖြစ် ရပ်တည်နေပြီဖြစ်တဲ့ ဦးမရမ်းသီးရဲ့အကြောင်းကို Mercury Variety ပရိသတ်တွေအတွက် တင်ဆက်ပေးလိုက်ပါတယ်။
#MercuryVariety #MV #MercuryExclusiveInterview #ExclusiveInterview #MercuryLifeStory #LifeStory #UMaYanThee #ဦးမရမ်းသီး #အကြောပြင်အနှိပ်ပညာ #ဆေးထိုးမှား #မျက်စိကွယ် #မိသားစု #Family #အကြောပြင် #ကျွေးမွေးပြုစု #ဘဝရပ်တည်ရေး #Yangon #Myanmar