ယောက်ျားက နောက်အိမ်ထောင်ပြုသွားချိန်မှာ ကိုယ်ဝန်နဲ့ကျန်ခဲ့လို့ မွေးလာမယ့်သမီးလေးကို ခိုင်နှင်းဝေ ဆီပေးဖို့ ဆုံးဖြတ်ထားရသူ ရင်သွေး ၂ ယောက်မိခင် မအိမွန်
—————
ခင်ပွန်းဖြစ်သူက သူမအပေါ် မကောင်းတဲ့အပြင် နောက်အိမ်ထောင်ပါပြုသွားခဲ့လို့ ကိုယ်ဝန်နဲ့ကျန်ခဲ့ရသူ မအိမွန်ဟာ အခု မွေးဖွားလာမယ့် တတိယမြောက်ရင်သွေးကို ခိုင်နှင်းဝေ ဆီ ပေးလိုက်ဖို့ ဆုံးဖြတ်ထားပြီး စီစဉ်စရာရှိတာတွေကို စီစဉ်နေပြီလို့ သိရပါတယ်။ နောက်အိမ်ထောင်ပြုသွားတဲ့ မအိမွန်ရဲ့ခင်ပွန်းဟာ ကိုယ်ဝန်ရှိနေတဲ့ မအိမွန်ကို ရင်သွေး ၂ ယောက်နဲ့အတူ ချန်ထားရစ်ခဲ့တာဖြစ်ပါတယ်။ အခု ရရှိထားတဲ့ ရင်သွေးလေး ၂ ယောက်က သားယောက်ျားလေးတွေဖြစ်ပြီး တတိယမြောက် မွေးဖွားလာမယ့် ကလေးငယ်က သမီးလေးဖြစ်တယ်လို့ မအိမွန်က ပြောပြပါတယ်။ မအိမွန် ဟာ အရင်တုန်းက သူ့ရင်သွေးလေးတွေကို အဝတ်လျှော်ပြီး ရှာဖွေကျွေးမွေး စောင့်ရှောက်ခဲ့တာပါ။ လက်ရှိမှာတော့ ကိုယ်ဝန်ကြောင့် အဝတ်လျှော်ဖို့ မဖြစ်နိုင်တော့တာကြောင့် ရင်သွေးလေး ၂ ယောက်စားသောက်ဖို့အတွက် ဘုန်းကြီးကျောင်းဆီက တောင်းခံပြီး မအိမွန်က ကျွေးမွေးနေပါတယ်။ မအိမွန်ဟာ လောကဓံရဲ့အဲ့ဒီလိုရိုက်ချက်တွေအပြင် မျက်စိဝေဒနာ၊ လည်ပင်းကြီးရောဂါ စတာတွေကိုလည်း ခံစားနေရပါတယ်။ ကိုယ့်သားသမီးကို သူတစ်ပါးဆီ မပေးချင်ပေမယ့် မပြည့်စုံတဲ့ဘဝဖြစ်သလို အခြေအနေတွေက ခက်ခဲလာတဲ့အတွက် မွေးလာမယ့်သမီးလေးကိုတော့ ခိုင်နှင်းဝေ ဆီပေးဖို့ ဆုံးဖြတ်လိုက်ရတာဖြစ်ကြောင်း မအိမွန်က ရင်နင့်စဖွယ် ပြောပြခဲ့ပါတယ်။ ခင်ပွန်းဖြစ်သူက သူမအပေါ် မကောင်းတဲ့အပြင် ကိုယ်ဝန်နဲ့ချန်ထားရစ်ခဲ့ပြီး နောက်အိမ်ထောင်ပြုသွားချိန်မှာ ဘဝအခက်အခဲပေါင်းများစွာကို ခါးစည်းရင်ဆိုင်နေရတဲ့ မအိမွန်ရဲ့ဘဝအမောတွေကို Mercury Variety ပရိသတ်တွေ သိရှိအောင် ဖော်ပြပေးလိုက်ပါတယ်။ #MercuryVariety#MV#MercuryExclusiveInterview#ExclusiveInterview#MercuryLifeStory#LifeStory#MaEiMon#မအိမွန်#Wife#Husband#အိမ်ထောင်#Children#ရင်သွေး#မိသားစု#Family#ကျွေးမွေးပြုစု#ဘဝရပ်တည်ရေး#KhineHininWai#ခိုင်နှင်းဝေ#Yangon#Myanmar