Join Us : Telegram Icon Threads Icon
Latest Updates >>>
MENU

ခင်ပွန်းဖြစ်သူ ထောင်ကျသွားလို့ ရုန်းကန်နေရတဲ့ မခင်သီတာပြုံးကို အလှူပြုခဲ့သူ Miss Pandra

လျော်ကြေးမပေးနိုင်လို့ ခင်ပွန်းဖြစ်သူ ထောင်ကျသွားခဲ့တာကြောင့် ကလေး ၄ ယောက်နဲ့ မိသားစုဘဝရပ်တည်ဖို့ ရုန်းကန်နေရသူ မခင်သီတာပြုံးကို သွားရောက်လှူဒါန်းခဲ့တဲ့ Miss Pandra(Miss Universe Yangon East)
——————
Miss Pandra ဟာ ၂၀၂၃ ခုနှစ်မှာ Miss Universe Yangon East အလှမယ်ဘွဲ့ကို ဆွတ်ခူးရရှိထားသူဖြစ်ပါတယ်။ အလှမယ် Miss Pandra က သူ့ ညီမလေးရဲ့မွေးနေ့မှာ အလှူဒါနတစ်ခု ပြုခဲ့ပါတယ်။ အဲ့ဒီအလှူကတောာ့ ရောင်းမှားဝယ်မှားဖြစ်ပြီး လျော်ကြေးမပေးနိုင်တာကြောင့် ခင်ပွန်းဖြစ်သူ ထောင်ကျသွားတဲ့အတွက် ကလေး ၄ ယောက်နဲ့အတူ မိသားစုဘဝရပ်တည်နေနိုင်ရေး ကြိုးစားရုန်းကန်နေရသူ မခင်သီတာပြုံးဆီ သွားရောက်တွေ့ဆုံပြီး အလှူဒါနပြုခဲ့တာပါပဲ။ သူမရဲ့ခင်ပွန်းဟာ သူငယ်ချင်းဖြစ်တဲ့သူကို ကူညီပြီး ပစ္စည်းလက်ခံဝယ်မိလို့ သူခိုးပစ္စည်းအဖြစ်နဲ့ အမှုရင်ဆိုင်လိုက်ရကာ ထောင်ဒဏ်ချမှတ်ခံလိုက်ရတာဖြစ်တယ်လို့ မခင်သီတာပြုံးက ပြောပြပါတယ်။ အကူအညီတွေ လိုအပ်နေတဲ့ မခင်သီတာပြုံးနဲ့ သူ့ရဲ့မိသားစုဆီကို သွားရောက်ပြီး ညီမဖြစ်သူရဲ့မွေးနေ့မှာ မွန်မြတ်တဲ့အလှူဒါနပြုခဲ့တဲ့ Miss Pandra ရဲ့အလှူဒါနကို Mercury Variety ပရိသတ်တွေအတွက် တင်ဆက်ဖော်ပြပေးလိုက်ပါတယ်။
#MercuryVariety #MV #MercuryExclusiveInterview #ExclusiveInterview #MercuryLifeStory #LifeStory #MissPandra #MissUniverseYangonEast #Celebrity #KhinThidarPyone #ခင်သီတာပြုံး #Wife #Husband #ဘဝ #Children #ရင်သွေး #မိသားစု #Family #ကျွေးမွေးပြုစု #ဘဝရပ်တည်ရေး #Yangon #Myanmar