ဖခင်က ဆိုက္ကားဆရာ ဖြစ်ပေမယ့် အားမငယ်ဘဲ ကြိုးစားခဲ့လို့ ငါးဘာသာဂုဏ်ထူးရှင်ဖြစ်လာခဲ့ပြီး ဆေးတက္ကသိုလ် တက်ရောက်ခွင့်ရနိုင်ဖို့ အကူအညီ လိုအပ်နေသူ မောင်မင်းမင်းဟိန်း
————————
ကျောင်းသားလူငယ်လေး မောင်မင်းမင်းဟိန်း ဟာ ဒီနှစ် တက္ကသိုလ်ဝင်တန်း စာမေးပွဲကို ငါးဘာသာ ဂုဏ်ထူးနဲ့ အောင်မြင်ခဲ့တဲ့ ရခိုင်လူငယ်လေးဖြစ်ပါတယ်။ သူ့ရဲ့ဖခင်က ဆိုက္ကားဆရာဖြစ်သလို တောင်ဥက္ကလာပမှာ လက်ရှိ သူတို့နေထိုင်ရတဲ့ အိမ်လေးဟာလည်း ငှားနေရတာပါ။ လေးခန်းတွဲ လိုင်းခန်းလေးမှာ မောင်မင်းမင်းဟိန်းတို့မိသားစုက ငှားရမ်းနေထိုင်ကြတာဖြစ်ပါတယ်။ မောင်မင်းမင်းဟိန်းရဲ့ရည်မှန်းချက်က ဆရာဝန် ဖြစ်ချင်တာပါ။ ဒါပေမဲ့ မိဘတွေက စီးပွားရေး ချို့တဲ့အတွက် မောင်မင်းမင်းဟိန်းကို ဆေးတက္ကသိုလ် ထားရှိပေးဖို့ မတတ်နိုင်စွမ်းကြပါဘူး။ ဒါကြောင့် ငါးဘာသာဂုဏ်ထူးရှင်လေး မောင်မင်းမင်းဟိန်းဟာ ဆေးတက္ကသိုလ် တက်ရောက်နိုင်ဖို့အတွက် အကူအညီ အထောက်အပံ့ အများကြီး လိုအပ်လို့နေပါတယ်။ တက္ကသိုလ်ဝင်တန်းတက်ရောက်ခဲ့စဉ်ကာလတုန်းကလည်း မောင်မင်းမင်းဟိန်း ဟာ သူများတွေလို ကျူရှင်ကောင်းကောင်းတွေ မတက်ရောက်နိုင်ခဲ့ရှာပါဘူး။ ဆရာတွေက မောင်မင်းမင်းဟိန်း ပညာထူးချွန်တာကို သိတဲ့အတွက် ကျူရှင်ကို အခမဲ့သင်ပေးပြီး ပညာဒါနပြုခဲ့လို့ မောင်မင်းမင်းဟိန်းဟာ အခုလိုအောင်မြင်မှုကို ပိုင်ဆိုင်ခွင့် ရရှိခဲ့တာပါ။ ထူးချွန်ထက်မြက်ပြီး ဆေးတက္ကသိုလ်တက်ရောက်ခွင့်ရရှိချင်နေတဲ့ မောင်မင်းမင်းဟိန်းအတွက် အကူအညီကောင်းတွေ ရောက်ရှိလာနိုင်စေဖို့ ရည်ရွယ်ချက်နဲ့ မောင်မင်းမင်းဟိန်း ကြိုးစားအားထုတ်ခဲ့ရမှုနဲ့ မိသားစုဘဝဖြတ်သန်းမှုအခြေအနေတွေကို Mercury Variety ပရိသတ်တွေအတွက် တင်ဆက်ဖော်ပြပေးလိုက်ပါတယ်။
#MercuryVariety #MV #MercuryExclusiveInterview #ExclusiveInterview #MercuryLifeStory #LifeStory #မောင်မင်းမင်းဟိန်း #MgMinnMinnHeinn #ငါးဘာသာ #ဂုဏ်ထူးရှင် #ဆေးတက္ကသိုလ် #ထူးချွန်ထက်မြက် #အကူအညီ #မိသားစု #Family #ကျူရှင် #Tution #Yangon #Myanmar