မိဘတွေ၊ ဆွေမျိုးအသိုင်းအဝိုင်းတွေကတောင် မြို့တက်ပြီး အနုပညာလုပ်မယ်လို့ ပြောလိုက်ရင် ထင်ချင်ရာ ထင်တဲ့အထိ အထင်မှားခံခဲ့ရတဲ့ဘဝကနေ အောင်မြင်တဲ့အဆိုတော်ဖြစ်လာခဲ့သူ နန်းထိုက်ရွှေစင်
—————
နန်းထိုက်ရွှေစင်ဟာ အောင်မြင်တဲ့နေရာတစ်ခုကို ရယူနိုင်ဖို့အတွက် ခက်ခက်ခဲခဲ ကြိုးစားခဲ့ရသူပါ။ ဆောင်းနှင်းဖြူဆိုတဲ့ နာမည်နဲ့ အနုပညာလောကထဲကို ဝင်ရောက်လာခဲ့ပြီး နန်းထိုက်ရွှေစင် လို့ နာမည်ပြောင်းပြီးတော့မှပဲ သူမက အောင်မြင်လာခဲ့တာဖြစ်ပါတယ်။ အနုပညာလောကထဲဆီ ဝင်ရောက်ချိန်မှာ မိဘတွေ၊ ဆွေမျိုးအသိုင်းအဝိုင်းတွေကတောင် မြို့ကိုတက်ပြီး အနုပညာလုပ်မယ်လို့ ပြောလိုက်ရင် ထင်ချင်ရာတွေ ထင်တဲ့အထိ ဖြစ်သွားတာကို ရင်ဆိုင်ခဲ့ရကြောင်းလည်း နန်းထိုက်ရွှေစင်က ပြောပြပါတယ်။ လူအတော်များများက အနုပညာလုပ်ပြီဟေ့ဆိုရင် အနုပညာလောကထဲ ဝင်ရောက်သူကို အဲ့ဒီလို ထင်တတ်တာက မကောင်းဘူးလို့လည်း နန်းထိုက်ရွှေစင်က မှတ်ချက်ပေးခဲ့ပါတယ်။ အနုပညာသမားဆိုတာက သူများ အိပ်တဲ့အချိန်မှာ မအိပ်ရ၊ သူများ စားတဲ့အချိန်မှာ မစားရဘဲ ပေးဆပ်နေရတဲ့သူတွေလို့ နန်းထိုက်ရွှေစင်က ရင်ဖွင့်ပါတယ်။ လူတွေက အနုပညာသမားတွေကို မိတ်ကပ်လေးလိမ်းပြီး မီးလေးတွေအောက်မှာ အဲ့ဒီလို သွားနေရတယ်ဆိုရင် သူတို့က အဆင်ပြေပါတယ်၊ ဘော်ကျော့လို့ ထင်နေကြတဲ့အကြောင်းလည်း နန်းထိုက်ရွှေစင်က အသိပေးခဲ့ပါတယ်။ စိတ်ဝင်စားစရာကောင်းလှတဲ့ အဆိုတော် နန်းထိုက်ရွှေစင်ရဲ့ဘဝဖြတ်သန်းမှုနဲ့ အနုပညာလောကထဲ ဝင်လာခဲ့ပုံတွေကို Mercury Variety ပရိသတ်တွေအတွက် တင်ဆက်ပေးလိုက်ပါတယ်။
#MercuryVariety #MV #MercuryExclusiveInterview #ExclusiveInterview #MercuryLifeStory #LifeStory #NanHtikeShweSin #နန်းထိုက်ရွှေစင် #အဆိုတော် #Singer #အနုပညာ #အောင်မြင်မှု #အထင်လွဲမှား #Yangon #Myanmar