ကိုယ်တကယ်ချစ်တဲ့သူကို ကြုံရမှ အချစ်ကို ခံစားလာခဲ့မိတယ်၊ ၁၅ နှစ်အရွယ်ကတည်းက ချစ်ခဲ့ဖူးပေမယ့် အခုမှ အချစ်ကို ရှာတွေ့ခဲ့တယ်လို့ ရင်ဖွင့်လိုက်တဲ့ မြန်မာ့အမျိုးသမီးလက်ရွေးစင် အသင်းခေါင်းဆောင် ခင်မာလာထွန်း
——————
“သူချစ်ထက် ကိုယ်ချစ် ရှာကြလို့ ပြောကြတယ်လေ။ ကျွန်တော်က ကိုယ်အချစ်ခံခဲ့ရတာ များတယ်။ သူချစ်က ပူလောင်တယ်လို့ ကျွန်တော် ခံစားရတယ်။ ဟိုဟာ မလုပ်ရဘူး၊ ဒီဟာ မလုပ်ရဘူးတွေပေါ့လေ။ ဒါက သူ့ခံစားချက်၊ သူ့က ချစ်တော့လေ၊ ကြာတော့ ဒါတွေကို ကိုယ်က နားမလည်ဘူး။ သူချစ်တာကို မခံချင်တော့ ကိုယ်ချစ်တာကို ရှာကြည့်ခဲ့တယ်။ ဘယ်လိုခံစားချက်မျိုးလဲဆိုတာ ကိုယ်တိုင်လည်း ခံစားကြည့်ချင်၊ သိချင်တယ်ပေါ့လေ။ ကိုယ်တကယ်ချစ်တဲ့သူကို ကြုံရမှ သူတို့ရဲ့ချစ်တဲ့အချစ်ကို ကိုယ်က ပြန်ခံစားမိလာခဲ့တယ်။ လက်ရှိမှာ အချစ်ကတော့ ရှိနေပါပြီ။ လူသားတိုင်း အချစ်နဲ့ ကင်းမှ မကင်းပဲလေ။ အသက် ၁၅ နှစ်အရွယ်လောက်ကတည်းက အချစ်ကို ကျွန်တော် ခံစားမိခဲ့တာ။ ဒါပေမဲ့ အချစ်နဲ့ဘောလုံးထဲက တစ်ခုခုကို ရွေးချယ်ရမယ်ဆိုရင် ကျွန်တော် ဘောလုံးကိုပဲ ရွေးပါမယ်။ ဘောလုံးနဲ့ပတ်သက်ပြီး ထိခိုက်မယ့်အရာမျိုးကို ကျွန်တော် မလုပ်ဘူး။ အဲ့လို ယှဉ်လာပြီဆိုရင် ဘောလုံးကို ဦးစားပေးပြီး ကျန်တာကို မေ့ပစ်လိုက်တာ များတယ်” – ခင်မာလာထွန်း (မြန်မာ့လက်ရွေးစင် အမျိုးသမီးဘောလုံးအသင်း အသင်းခေါင်းဆောင်)
#MercuryVariety #MV #MercuryExclusiveInterview #ExclusiveInterview #MercuryLifeStory #LifeStory #MyanmarFootball #MyanmarWomenFootballTeam #KhinMarlarHtun #ခင်မာလာထွန်း #အသင်းခေါင်းဆောင် #TeamCaptain #Football #Love #အချစ် #ခံစားချက် #ကိုယ်ချစ် #Yangon #Myanmar