ခေတ်ဟောင်းအဆိုတော်ကြီးတွေရဲ့အသံအတိုင်း သီချင်းဆိုပြရာကနေ အရမ်းပဲ လူသိများသွားခဲ့တဲ့ ပေါင်းတည်မြို့က နယ်အဆိုတော် အောင်အောင်(ကိုကြီးအောင်)
———————
သူ့နာမည်က အောင်အောင် ဖြစ်ပါတယ်။ ကိုကြီးအောင် လို့လည်း လူသိများတယ်။ ကိုကြီးအောင် ကို လူသိများသွားခဲ့တာက ခေတ်ဟောင်းတုန်းက အဆိုတော်ကြီးတွေရဲ့အသံကို တုပပြီး ဆိုပြခဲ့တဲ့ သင်္ကြန်သီချင်းလေးကြောင့်ပါပဲ။ သူ့အနေနဲ့ အဲ့ဒီလို အသံတုပ သီဆိုတာကို ကိုယ်တိုင်လေ့လာကြိုးစားပြီးတော့ပဲ အားထုတ်ခဲ့ရတယ်လို့ ကိုကြီးအောင်က ပြောပြပါတယ်။ လက်ရှိမှာ ကိုကြီးအောင်က နယ်ပွဲတွေမှာ လူကြိုက်များတဲ့ တေးသံရှင်တစ်ယောက် ဖြစ်လို့နေပါပြီ။ တီးဝိုင်းလေးတစ်ခု တည်ထောင်ထားပြီး နယ်ပွဲတွေ၊ ဘုရားပွဲတွေမှာ လိုက်ဆိုဖြစ်နေတယ်လို့လည်း ကိုကြီးအောင်က သူ့ရဲ့ဘဝဖြတ်သန်းနေမှုကို ပြောပြပါတယ်။ ပွဲတွေ လိုက်ဆိုတာကနေ ရရှိတဲ့ အနုပညာကြေးလေးနဲ့ မိသားစုကို ထောက်ပံ့ပြီး သူချစ်တဲ့ သီချင်းတွေကို နယ်ပွဲတွေမှာ ဖျော်ဖြေပေးရင်း ဘဝကိုဖြတ်သန်းနေတဲ့ ပေါင်းတည်မြို့က ကိုကြီးအောင်ရဲ့ဘဝဖြတ်သန်းမှုက စိတ်ဝင်စားစရာကောင်းတာကြောင့် Mercury Variety ပရိသတ်တွေအတွက် တင်ဆက်ဖော်ပြပေးလိုက်ပါတယ်။ #MercuryVariety #MV #MercuryExclusiveInterview #MercuryLifeStory #AungAung #KoGyiAung #အောင်အောင် #ကိုကြီးအောင် #LocalSinger #ပေါင်းတည် #PaungTae #နယ်အဆိုတော် #ဖျော်ဖြေ #ဘဝဖြတ်သန်း #နယ်ပွဲ #ဘုရားပွဲ #ခေတ်ဟောင်းအဆိုတော် #လူကြိုက်များ #Oldies #အသံတု #တုပသီဆို #မိသားစု #Yangon #Myanmar