အသက် ၁၆ နှစ်အရွယ်မှာ Lego Minifigures တစ်သောင်းကျော်ကို ကျပ်သိန်း ၆၀ ကျော်ဖိုး ဝယ်ယူ စုဆောင်းထားသူ ကိုဘုန်းသိင်္ခနိုင်
——————
ကိုဘုန်းသိင်္ခနိုင် ဟာ အသက် ၁၆ နှစ်အရွယ် လူငယ်လေးတစ်ယောက်ဖြစ်ပါတယ်။ သူ့ရဲ့ထူးခြားချက်က Lego Minifigures လေးတွေ ဝယ်ယူစုဆောင်းတာပါပဲ။ အခုဆိုရင် ကိုဘုန်းသိင်္ခနိုင် ဆီမှာ ဝယ်ယူစုဆောင်းထားတဲ့ Lego Minifigures လေးတွေ အရေအတွက်က တစ်သောင်းကျော်တောင် ရှိလာခဲ့ပြီပဲဖြစ်ပါတယ်။ ဒီ Minifigures လေးတွေရဲ့တန်ဖိုးက အခုဆိုရင် ကျပ်ငွေ သိန်း ၆၀ ကျော်လောက် တန်ကြေးရှိနေပြီပဲဖြစ်ပါတယ်။ ကိုဘုန်းသိင်္ခနိုင်က အထီးကျန်ဆန်လွန်းသူဖြစ်တဲ့အတွက် ဒီ Lego Minifigures လေးတွေက သူ့ရဲ့ဘဝအဖော်မွန်တွေဖြစ်ခဲ့တယ်ဆိုရင်လည်း မမှားပါဘူး။ အိပ်ရာနံဘေးမှာ ထားပြီး အိပ်စက်တဲ့အထိ Lego Minifigures လေးတွေကို သူချစ်ခင်ကြောင်း ကိုဘုန်းသိင်္ခနိုင်က ပြောပြပါတယ်။ အလုပ်အကိုင်ရလို့ လုပ်ငန်းခွင် ဝင်ဖြစ်ရင်လည်း သူ့မှာ မရှိသေးတဲ့အရုပ်လေးတွေ ထပ်စုဆောင်းဖို့ ကိုဘုန်းသိင်္ခနိုင်က ဆုံးဖြတ်ချက်ချမှတ်ထားပါတယ်။ အသက် ၅၀၊ ၆၀ အရွယ်ကို ရောက်တဲ့အထိ Lego Minifigures လေးတွေ ဝယ်ယူစုစည်းဖို့ဆိုတာက သူ့ရဲ့စိတ်ကူးအိပ်မက်လို့လည်း ကိုဘုန်းသိင်္ခနိုင်က ရင်ဖွင့်ပါတယ်။ Lego Minifigures လေးတွေကို ငွေကုန်ကြေးကျခံကာ အမြတ်တနိုး ဝယ်ယူသိမ်းဆည်းနေတဲ့ ကိုဘုန်းသိင်္ခနိုင်ရဲ့အကြောင်းက စိတ်ဝင်စားစရာကောင်းလွန်းတာမို့ Mercury Variety ပရိသတ်တွေအတွက် တင်ဆက်ပေးလိုက်ပါတယ်။
#MercuryVariety #MV #MercuryExclusiveInterview #MercuryCollectorLife #MercuryLifeStory #BhoneTheinKhaNaing #ဘုန်းသိင်္ခနိုင် #Lego Minifigures #60Lakhs #သိန်း၆၀ကျော် #ဝယ်ယူစုစည်း #တစ်သောင်းကျော် #အမြတ်တနိုး #စိတ်ကူးအိပ်မက် #ဆုံးဖြတ်ချက်ချ #၁၆နှစ် #16YearsOld #LifeStory #Yangon #Myanmar