အသက် ၂ နှစ်အရွယ်ကတည်းက ဝိညာဉ်တွေကို မြင်ခဲ့သူ၊ ကျောင်းဆရာမဘဝကို စွန့်လွှတ်ပြီး ဝိညာဉ်အထူးဟောအဖြစ် ရပ်တည်နေသူ ဆရာမ ဒေါ်ဥမ္မာကျော်
——————–
စိတ်နယ်လွန်ဖြစ်စဉ်တွေ၊ ကမ္ဘီရဖြစ်စဉ်တွေကို Mercury Variety ပရိသတ်တွေ ယုံကြည်ပါသလား။ ဒီနေ့မှာ တကယ့်ကို ထူးခြားလှတဲ့ ပါရမီတစ်ခုကို ပိုင်ဆိုင်ထားတဲ့ အမျိုးသမီးနဲ့ မိတ်ဆက်ပေးချင်ပါတယ်။ သူမကတော့ ဒေါ်ဥမ္မာကျော် ပါပဲ။ ဒေါ်ဥမ္မာကျော် ဟာ ကွယ်လွန်သွားခဲ့ပြီးသူတွေက ဆင့်ခေါ်စကားပြောနိုင်တဲ့ ပါရမီကို ပိုင်ဆိုင်ထားသူပါ။ အသက် ၂ နှစ်အရွယ်ကတည်းက ဝိညာဉ်တွေကို မြင်တွေ့တဲ့ စိတ်စွမ်းအင်တစ်ရပ် ရှိထားခဲ့သူ ဖြစ်ပါတယ်။ ကျောင်းဆရာမတစ်ယောက် ဖြစ်ခဲ့ဖူးပြီး အဲ့ဒီအလုပ်ကို အရမ်းချစ်မြတ်နိုးခဲ့ပေမယ့် အဲ့ဒီဘဝကို စွန့်လွှတ်ကာ ဒီကနေ့ ဒီအချိန်မှာတော့ ဝိညာဉ်အထူးဟော၊ အကြားအမြင်ဆရာမတစ်ယောက်အဖြစ် ဆရာမ ဒေါ်ဥမ္မာကျော်က ရပ်တည်လို့နေပါတယ်။ သူမရဲ့ဝိညာဉ်ဟောခန်းဆီကို လာရောက်သူတွေကလည်း နေ့စဉ်နဲ့အမျှ အများအပြားပါပဲ။ ဒါကြောင့် အသက် ၂ နှစ်အရွယ်ကတည်းက ဝိညာဉ်တွေကို မြင်တွေ့ခွင့်ရခဲ့သူလည်းဖြစ်၊ ဆရာမဘဝကို စွန့်လွှတ်ပြီး ဝိညာဉ်အထူးဟော အကြားအမြင် ဆရာမတစ်ယောက်ဘဝဆီ ကူးပြောင်းလာခဲ့သူလည်းဖြစ်တဲ့ ဒေါ်ဥမ္မာကျော်ရဲ့အကြောင်းကို Mercury Variety ပရိသတ်တွေအတွက် တင်ဆက်ပေးလိုက်ပါတယ်။
#MercuryVariety #MV #MercuryExclusiveInterview #MercuryLifeProgram #DawOhnmarKyaw #ဒေါ်ဥမ္မာကျော် #အကြားအမြင် #ဝိညာဉ်ဟော #ဟောခန်း #ကျောင်းဆရာမ #Teacher #စိတ်စွမ်းအင် #LifeStory #Yangon #Myanmar