Join Us : Telegram Icon Threads Icon
Latest Updates >>>
MENU

“လူတွေကို အချိန်တန်လို့ရှိရင် ငါ့ကို စော်ကားမှာပဲဆိုတဲ့စိတ်နဲ့ ယုံကြည်လိုက်တယ်” – လှနုထွန်း

“လူတွေကို အချိန်တန်လို့ရှိရင် ငါ့ကို စော်ကားမှာပဲဆိုတဲ့စိတ်နဲ့ ယုံကြည်လိုက်တယ်၊ ငါ့အပေါ် ကောင်းမှာပဲဆိုတဲ့စိတ်နဲ့ ယုံကြည်လိုက်တာ မဟုတ်ဘူး” – လှနုထွန်း
—————–
“အခြွေအရံ လိုချင်ရင်တော့ ပေးနိုင်ကမ်းနိုင်ရင် များတယ်ဆိုတာ လှနု သိတယ်။ လှနုရဲ့ရှေ့မှာတင်ပဲ ပေးနိုင်ကမ်းနိုင်တဲ့သူရဲ့ရှေ့ကိုရောက်ရင် ဒူးထောက် လက်အုပ်လေးချီပြီးတော့ ပေါင်လေးတွေကိုင်၊ ဒူးခေါင်းလေးတွေကိုင်ပြီး နှိပ်နယ်ပေးပြီးတော့ လိုချင်တာရအောင် တောင်းပြီး နောက်ကွယ်လည်းရောက်ရော နောက်တစ်မျိုး မသင့်တော်တာ၊ ဒီလူ့ရဲ့ ဒီပေးကမ်းထားတဲ့လူရဲ့သားသမီးက ဘယ်လို ဘယ့်နှယ်ဆိုတာ ပြောလိုက်တဲ့ မျက်နှာပေး၊ ပြောင်းသွားတဲ့ မျက်နှာပေး စတဲ့ မျက်နှာနှစ်ဖက်တွေကို လှနု မြင်ဖူးတယ်။ အဲ့တော့ လှနုက လူတွေကို ယုံလိုက်တယ်။ ယုံလိုက်တယ်ဆိုတာ ဘာလဲဆိုတော့ အချိန်တန်လို့ရှိရင် ငါ့ကို စော်ကားမှာပဲဆိုတဲ့စိတ်နဲ့ ယုံကြည်လိုက်တယ်။ ငါ့အပေါ်မှာ ကောင်းမှာပဲဆိုတဲ့စိတ်နဲ့ လှနု ယုံကြည်ခဲ့တာတော့ မဟုတ်ဘူး” – လှနုထွန်း
#MercuryVariety #MV #MercuryExclusiveInterview #MercuryLifeProgram #HlaNuTun #လှနုထွန်း #Influencer #အခြွေအရံ #ပေးကမ်းမှု #Celebrity #Celebrities #ပေးနိုင်ကမ်းနိုင် #ယုံကြည်မှု #Yangon #Myanmar