Join Us : Telegram Icon Threads Icon
Latest Updates >>>
MENU

YBS – 34နဲ့ ပရိုဘောက်စ် အိမ်စီးကား တိုက်မိ၊ လူခုနစ်ဦး ထိခိုက်ဒဏ်ရာရရှိပြီး သုံးဦးသေ၊ နှစ်ဦး ဒဏ်ရာပြင်းထန်

၂၀၂၅၊ဇန်နဝါရီလ၊၂၄ရက်

ရန်ကုန်တိုင်း၊ သန်လျင်မြို့နယ်၊ သန်လျင် – တာဝတက္ကသိုလ် လမ်းမပေါ် မှာ YBS – 34 ယာဉ်လိုင်းနဲ့ အိမ်စီး ပရိုဘောက်စ်ယာဉ်ငယ် တိုက်မိပြီး သုံးဦးသေဆုံးပြီး လူခုနှစ်ဦး ဒဏ်ရာရခဲ့တယ်လို့ သိရပါတယ်။

YBS – 34 ယာဉ်က အိမ်စီး ပရိုဘောက်စ်ယာဉ်ကို ဖြတ်တိုက်တာကြောင့် အိမ်စီးယာဉ်ငယ်ပေါ်ပါ လူခြောက်ဦးအနက် အမျိုးသမီး သုံးဦး သေဆုံးခဲ့ပြီး အမျိုးသား တစ်ဦးနဲ့ အမျိုးသမီးကြီးတစ်ဦး ပြင်းထန်ဒဏ်ရာရခဲ့ကာ YBS ယာဉ်မောင်းကတော့ ပေါက်ပြဲ သွေးထွက်ဒဏ်ရာ( မစိုးရိမ်ရ)ရရှိခဲ့ပါတယ်။

ဒဏ်ရာရရှိထားတဲ့ သူတွေကို လက်ရှိမှာ ရန်ကုန်ဆေးရုံကြီးဆီ ပို့ဆောင်ထားပြီး သေဆုံးသူ ရုပ်အလောင်းတွေကို ‌ သန်လျှင်ဆေးရုံ ‌ရင်ခွဲရုံဆီ ပို့ဆောင်ပေးလိုက်တယ်လို့ သိရပါတယ်။

မူရင်းဓါတ်ပုံပိုင်ရှင်ကို creditပေးပါသည်။

#mercury#mercurynews#YBS#မှုခင်းသတင်း#ပြည်တွင်းသတင်း