Join Us : Telegram Icon Threads Icon
Latest Updates >>>
MENU

၅ လွှာ အိမ်နောက်ဖေး ပြတင်းပေါက်ကနေ ကလေး ၂ ယောက် ပြုတ်ကျ၊ တစ်ဦး ပွဲချင်းပြီး၊ တစ်ဦးက အရေးပေါ်အခြေအနေဖြစ်နေ

ယုဇနဥယျာဉ်မြို့တော် (A)၊ ၁၀ လမ်း၊ တိုက်အမှတ် ၁၇၊ ၅ လွှာရဲ့အိပ်ခန်း နောက်ဖေးပြတင်းပေါက်ကနေ ၁ နှစ်ကျော် အရွယ်နဲ့ ၅ နှစ်အရွယ် ကလေး ၂ ယောက် ကုတင်ပေါ်မှာဆော့ကစားရင်း ပြုတ်ကျသွားခဲ့တယ်လို့ သိရှိရပါတယ်။

ကလေး ၂ ယောက်ဟာ နောက်ဖေးပြတင်းပေါက်နားက ကုတင်ပေါ်မှာ ဆော့ကစားရင်း ၅ လွှာရဲ့နောက်ဖေးပြတင်းပေါက်ကနေ မြေပြင်ဆီ ပြုတ်ပကျသွားခဲ့တာဖြစ်ပြီး ၁ နှစ်ကျော်အရွယ်ကလေးက ပွဲချင်းပြီးသွားခဲ့ကာ ၅ နှစ်အရွယ်ကလေးကတော့ အရေးပေါ်အခြေအနေဆီ ရောက်နေတယ်လို့ သတင်းကြားသိရပါတယ်။