Join Us : Telegram Icon Threads Icon
Latest Updates >>>
MENU

၂၈ နှစ်အကြာမှာ အချိန်းစက်ဝန်းတပတ်လည်လာလို့ ၁၉၉၆ ခုနှစ်ကပြက္ခဒိန်ဟောင်းကို ၂၀၂၄ မှာ ပြန်လည်အသုံးပြုနိုင်

————————————-

၂၈ နှစ်ကွာခြားတဲ့ ၁၉၉၆ နဲ့ ၂၀၂၄ ပြက္ခဒိန်နှစ်ခုစလုံးမှာ နှစ်တစ်နှစ်ရဲ့အစဟာ တနင်္လာနေ့ဖြစ်သလို ရက်ထပ်နှစ်တွေပါ တူညီတာကြောင့် ၃၆၆ ရက်ရှိတဲ့ တနှစ်ပတ်လုံးဟာ ၁၉၉၆ ရဲ့ ပြက္ခဒိန်ရက်စွဲတွေနဲ့ ထူးဆန်းစွာတိုက်ဆိုင်နေပါတယ်။

ဒါကြောင့် ကမ္ဘာပေါ်မှာရှိတဲ့ တချို့နိုင်ငံတွေမှာ ၁၉၉၆က ပြက္ခဒိန်ဟောင်းတွေကို ဈေးကြီးပေးဝယ်နေကြသလို တချို့က သူတို့သိမ်းဆည်းထားမိတဲ့ ၁၉၉၆က ပြက္ခဒိန်တွေကို ပြန်လည်အသုံးပြုလာကြပါတယ်။

တကယ်တော့ ဒီလိုတိုက်ဆိုင်နေတာဟာ ကမ္ဘာပေါ်မှာ အသုံးအများဆုံးဖြစ်တဲ့ Gregorian ပြက္ခဒိန်ကြောင့်ဖြစ်ပါတယ်။Gregorian ပြက္ခဒိန်ဟာ၂၈ နှစ်တိုင်း သူ့ဘာသာသူ တပတ်ပြန်လည်လေ့ရှိပါတယ်။

တကယ်လို့ ၂၀၂၄ ခုနှစ်ပြက္ခဒိန်ကို သိမ်းဆည်းထားမယ်ဆိုရင် လာမယ့်၂၀၅၂ ခုနှစ်မှာ ထပ်မံအသုံးပြုနိုင်မယ်လို့ဆိုပါတယ်။ ခြွင်းချက်အနေနဲ့ကတော့ တချို့ခုနှစ်တွေဟာ ၆ နှစ် သို့မဟုတ် ၁၁ နှစ်တစ်ခါမကြာခဏ ထပ်တူကျလေ့ရှိပါတယ်။

၁၉၉၆ နဲ့ ၂၀၂၄ မှာ အခြားထူးခြားတဲ့ တူညီချက်တွေလည်းရှိပါသေးတယ်။ဒီ ၂နှစ်စလုံးမှာ သမ္မတရွေးကောက်ပွဲတွေနဲ့ အိုလံပစ်အားကစားပွဲတွေ ပါဝင်‌နေတာဖြစ်ပါတယ်။

1