Join Us : Telegram Icon Threads Icon
Latest Updates >>>
MENU

၂၀၂၄ အိုလံပစ်ပြိုင်ပွဲတွင် မြန်မာကြက်တောင် လက်ရွေးစင် သက်ထားသူဇာ ဂျပန်ကစားသမားနဲ့စတင်ယှဉ်ပြိုင်ရမည်

27 July 2024‌‌

ပြင်သစ်နိုင်ငံတွင်ကျင်းပနေသည့် ၂၀၂၄အိုလံပစ်ပြိုင်ပွဲတွင် မြန်မာကြက်တောင် လက်ရွေး စင်သက်ထားသူဇာပါဝင်ယှဉ်ပြိုင်နေပြီး ပွဲဦးထွက်အနေဖြင့် ဂျပန်မှAkane Yamaguchi (Japan)နှင့် စတင်ယှဉ်ပြိုင်ရမည်ဖြစ်ကြောင်း သိရသည်။ 

သက်ထားသူဇာက “သက်ထား group C ထဲမှာပါတဲ့ Akane Yamaguchi (Japan) နဲ့ Michelle Li (Canada) နှစ်ယောက်ထဲမှာ Japan က Akane နဲ့ အရင်ဦးဆုံး 27th July Olympic ကြက်တောင်ပြိုင်ပွဲ စစချင်းနေ့မှာ ပြိုင်ရမှာဖြစ်ပါတယ်”ဟု ဖော်ပြထားသည်။ အချိန်ကတော့ Paris Time Zone 7:30 PM တွင် ကွင်းနံပတ် 2 မှာရိုက်ရမည်ဖြစ်ပြီး  အကောင်းဆုံးယှဉ်ပြိုင်သွားမည် ‌‌ဖြစ်‌ကြောင်း ဆက်လက်ဖော်ပြထားသည်။

 ဇူလိုင်လ ၂၆ ရက်တွင် ပြင်သစ်နိုင်ငံParisမြို့၌  ၂၀၂၄အိုလံပစ်ပြိုင်ပွဲဖွင့်ပွဲကျင်းပခဲ့ပြီးမြန်မာနိုင်ငံ ကိုယ်စားပြု သက်ထားသူဇာနှင့်ဘုန်းပြည့်ဟန်တို့က အမျိုးသမီး တစ်ယောက်ချင်း ကြက်တောင်ရိုက်အားကစားနဲ့ အမျိုးသား မီတာ ၁၀၀ အလွတ်ကူး အားကစားတွေမှာ အသီးသီး ဝင်ရောက်ယှဥ်ပြိုင်ကြမည်ဖြစ်ကြောင်း မြန်မာနိုင်ငံဆိုင်ရာ ‌ဥရောပသမဂ္ဂ၏ထုတ်ပြန်ချက်အရသိရသည်။

#Mercury #MercuryMedia #မြန်မာ့သတင်း #ကြက်တောင် #သက်ထားသူဇာ