Join Us : Telegram Icon Threads Icon
Latest Updates >>>
MENU

၁၇ နှစ်အရွယ်မှာ ချက်ကို တွယ်တဲ့မျှော့က ဗိုက်ထဲကျန်နေခဲ့လို့ ဝေဒနာခံစားနေရသူ ဒေါ်သိန်းသိန်း

၁၇ နှစ်အရွယ်မှာ ချက်ကို တွယ်တဲ့မျှော့ကို ငွေမတတ်နိုင်လို့ မကုသခဲ့ရတဲ့အတွက် ဗိုက်ထဲမှာ ကျန်နေခဲ့ပြီး အခုတော့ ဗိုက်ထဲကမျှော့ကြောင့် ဝေဒနာ မခံမရပ်နိုင်အောင်ခံစားနေရသူ ဒေါ်သိန်းသိန်း ————————— ၁၉၈၈ ခုနှစ်တုန်းက ဒေါ်သိန်းသိန်းရဲ့အသက်ဟာ ၁၇ နှစ် ၁၈ နှစ်လောက်ပဲ ရှိပါသေးတယ်။ အဲ့ဒီအချိန်မှာ စားဝတ်နေရေးအတွက် ကန်စွန်းရွက်သွားခူးရင်း ဒေါ်သိန်းသိန်း(အဲ့ဒီအချိန်ကတော့ အသက်အရွယ်အရ မသိန်းသိန်း ပေါ့လေ)ရဲ့ချက်ကို မျှော့တွယ်ပါတော့တယ်။ ချက်ကို တွယ်တဲ့မျှော့ကို ဆွဲထုတ်ရင်း ဆွဲထုတ်ရင်း မျှော့က အရှည်ကြီးပါလာခဲ့တယ်လို့ ဒေါ်သိန်းသိန်းက ပြောပြပါတယ်။ သူမကို တွယ်တဲ့မျှော့က ကျွဲမျှော့(Leech) ဖြစ်တယ်လို့လည်း ဒေါ်သိန်းသိန်းက သူမ သိခွင့်ရထားတာကို အသိပေးပါတယ်။ ချက်ကို တွယ်တဲ့မျှော့ကို ဆွဲထုတ်လိုက်ပေမယ့် မျှော့က အကုန်အစင် ထွက်မသွားဘဲ ဗိုက်ထဲမှာ ကျန်နေရစ်ခဲ့တာကို ဒေါ်သိန်းသိန်းနဲ့ သူ့အိမ်က မိသားစုဝင်တွေ မသိလိုက်ပါဘူး။ သူမရဲ့ချက်ကို မျှော့တွယ်တဲ့ကာလတုန်းက ငွေကြေး မတတ်နိုင်ခဲ့လို့ ထိရောက်တဲ့ ကုသမှုတွေ၊ ဆေးခန်းပြသတာတွေ မလုပ်နိုင်ခဲ့ကြောင်း ဒေါ်သိန်းသိန်းက အသိပေးပါတယ်။ အခုတော့ ဗိုက်ထဲမှာ ကျန်နေရစ်ခဲ့တဲ့မျှော့က ဒေါ်သိန်းသိန်းကို ဒုက္ခပေးလို့နေပါပြီ။ ဗိုက်ထဲက မျှော့ကြောင့် သူမအနေနဲ့ ဝေဒနာကို မခံမရပ်နိုင်အောင် ခံစားလို့နေရကြောင်း ဒေါ်သိန်းသိန်းက ပြောပြပါတယ်။ လက်ရှိမှာ ဒေါ်သိန်းသိန်းက ရန်ကုန်အရှေ့ပိုင်းဆေးရုံကြီးဆီ တက်ရောက်နေပြီး လာမယ့်တနင်္လာနေ့ကိုရောက်ရင် ခွဲစိတ်ကုသရတော့မယ်လို့ သိရှိရပါတယ်။ သူမကို မျှော့တွယ်တဲ့ ၁၇ နှစ်အရွယ်တုန်းက အိမ်မှာ စားစရာမရှိလောက်အောင်အထိ ဖြစ်ခဲ့သလို အခုလည်း ခင်ပွန်းဖြစ်သူက ကိုဗစ်လှိုင်းထဲမှာ တိမ်းပါးသွားခဲ့တဲ့အတွက် အစ်မဖြစ်သူရဲ့စောင့်ရှောက်မှုကိုသာ ဒေါ်သိန်းသိန်းက အားကိုးနေရပါတယ်။ ၁၇ နှစ်အရွယ်မှာ ချက်ကို တွယ်တဲ့မျှော့ကို ငွေမတတ်နိုင်လို့ မကုသခဲ့ရတဲ့အတွက် ဗိုက်ထဲမှာ ကျန်နေခဲ့ပြီး အခုတော့ ဗိုက်ထဲကမျှော့ကြောင့် ဝေဒနာ မခံမရပ်နိုင်အောင်ခံစားနေရသူ ဒေါ်သိန်းသိန်းရဲ့စိတ်ဝင်စားစရာအကြောင်းအရာကို Mercury Variety ပရိသတ်တွေ သိရှိနိုင်အောင် ရိုက်ကူးတင်ဆက် ဖော်ပြပေးလိုက်ပါတယ်။ #MercuryVariety #MV #MercuryExclusiveInterview #ExclusiveInterview #MercuryLifeStory #LifeStory #ကျွဲမျှော့ #မျှော့ #ဒေါ်သိန်းသိန်း #ကိုရင်လေး #ဆေးရုံ #DawTheinThein #Health #Yangon #Myanmar