မိဘတွေ လုပ်စေချင်တဲ့ လေယာဉ် Pilot ဘဝကို ၁၀ နှစ်ကြာလုပ်ခဲ့ပြီးတဲ့နောက် လေယာဉ် Pilot ဘဝနဲ့ အမေရိကန်မှာ ကျောင်းတက်မယ့်စိတ်ကူးကို စွန့်လွှတ်ပြီး ကို Pilot ဇလုံထမင်းနယ် ရောင်းချကာ ဘဝကို တဆစ်ချိုး ပြောင်းလဲလိုက်သူ ကိုရဲဝင်းအောင်
—————
ရုပ်ရှင်ဇာတ်လမ်းတွေထက် တကယ့်လက်တွေ့ဘဝက ထူးခြားဆန်းကြယ်လှပါတယ်။ လေယာဉ် Pilot တစ်ယောက်အဖြစ် အောင်မြင်နေတဲ့သူ၊ အမေရိကန်ကို ကျောင်းသွားတက်ဖို့ စိတ်ကူးထားတဲ့သူဟာ အဲ့ဒါတွေကို စွန့်လွှတ်ပြီး ရှယ်ဇလုံထမင်းနယ် ရောင်းနေပါတယ်တဲ့လေ။ ဟုတ်ပါတယ်။ ဒါဟာ တကယ့် ဖြစ်ရပ်မှန်ပါ။ လေယာဉ် Pilot ဘဝကို ကျောခိုင်းပြီး ကို Pilot ဇလုံထမင်းနယ်ဆိုင် ဖွင့်လှစ်ရောင်းချနေသူကတော့ ကိုရဲဝင်းအောင်ပဲ ဖြစ်ပါတယ်။ မိဘတွေက အရမ်းလုပ်စေချင်တဲ့ လေယာဉ် Pilot ဘဝကို ၁၀ နှစ်ကြာအောင် ဖြတ်သန်းပြီးတဲ့နောက် ကိုရဲဝင်းအောင်က ကိုယ့်ဘဝကို ကိုယ့်ဆုံးဖြတ်ချက်နဲ့လျှောက်လှမ်းတော့မယ်ဆိုတဲ့စိတ်ကူးနဲ့အတူ မိဘတွေ သဘောကျတဲ့ လေယာဉ် Pilot ဘဝကို စွန့်လွှတ်ပြီး ဘဝကို ဇလုံထမင်းနယ် ရောင်းချတဲ့ဘက်ဆီ ကူးပြောင်းခဲ့သူပါ။ သူငယ်ချင်းတွေ Busking သီဆိုတဲ့နေရာလေးဆီ လာရောက်ရင်း ကန်ဘောင်ကို ဆိုင်ဖွင့်မယ့်နေရာလေးအဖြစ် ရွေးချယ်ဖြစ်သွားခဲ့တယ်လို့လည်း ကိုရဲဝင်းအောင်က ပြောပြပါတယ်။ ဂီတကိုလည်း ချစ်မြတ်နိုးတဲ့ ကိုရဲဝင်းအောင်ဟာ ဇလုံထမင်းနယ်ရောင်းတော့လည်း အောင်မြင်လို့နေပါတယ်။ အခုဆိုရင် သူ့ရဲ့ The Pilot ရှယ်ဇလုံထမင်းနယ်ဆိုင်လေးက အရမ်းပဲ လူသိများလို့နေပါပြီ။ မိဘတွေ လုပ်စေချင်တဲ့ လေယာဉ် Pilot ဘဝကို ၁၀ နှစ်ကြာလုပ်ကိုင်ပြီးတဲ့နောက် ရုတ်တရက် ကျောခိုင်းလိုက်သူ၊ အမေရိကကို ကျောင်းသွားတက်မယ့်စိတ်ကူးကို စွန့်လွှတ်ပြီး ဇလုံထမင်းနယ်ရောင်းချတဲ့ ဆိုင်ပိုင်ရှင်ဘဝကို ရွေးချယ်လိုက်သူ ကိုရဲဝင်းအောင်ရဲ့ဘဝဖြတ်သန်းမှုက စိတ်ဝင်စားစရာတွေနဲ့ ပြည့်နှက်နေတဲ့အတွက် Mercury Variety ပရိသတ်တွေအတွက် တင်ဆက်ပေးလိုက်ပါတယ်။ #MercuryVariety #MV #MercuryExclusiveInterview #MercuryCelebrityInterview #ExclusiveInterview #CelebrityInterview #YeWinnAung #ရဲဝင်းအောင် #ဇလုံထမင်းနယ် #Pilot #ကန်ဘောင် #BuskingSongs #အမေရိက #America #စိတ်ကူး #စွန့်လွှတ် #10Years #ဂီတ #အောင်မြင် #Yangon #Myanmar