(၁၀၀၀)ကျပ်တန် နန်းကြီးသုတ်၊မုန့်ဟင်းခါးထဲကြက်ဥတစ်ခြမ်းပါထည့် ရောင်းပေးတဲ့ဆိုင် ——————————————— “အန်တီတို့က ဆိုက်ကားသမားလေးတွေ၊ဈေးသည်တွေ၊ အခြေခံလက်လုပ် လက်စားသမားလေးတွေအဆင်ပြေပြေမနက်စာလေးစားနိုင်အောင် နန်းကြီးသုတ်၊မုန့်ဟင်းခါး၊နို့ခေါက်ဆွဲတစ်ပွဲကို (၁၀၀၀) ကျပ်နဲ့ပဲရောင်းပေးပါတယ်။ (၁၀၀၀)ပဲပေးရပေမယ့် နန်းကြီးသုတ်နဲ့မုန့်ဟင်းခါးထဲကို ကြက်ဥတစ်ခြမ်းထည့်ပေးသလိုနို့ ခေါက်ဆွဲထဲပဲသွေး၊အကြော်လည်းထည့်ပေးပါတယ်။လှူမယ့်သူတွေကိုလည်း အော်ဒါလုပ်ပေးပါတယ်” ဒေါ်ခင်မာထွေး (ဆိုင်ရှင်)