Join Us : Telegram Icon Threads Icon
Latest Updates >>>
MENU

ါင်းလောင်းဆည်ရေထပ်ထိုးလာပြီးရေပိုလွှဲကနေလေးပေနီးပါကျော်လွန်နေ

——————————————————————————————–

၂၀၂၄ခုနှစ်၊အောက်တိုဘာလ၊(၃)ရက်

ပေါင်းလောင်းဆည်ဟာ ရေပြည့်အမှတ်ထက်ကျော်လွန်ကာရေပိုလွှဲကနေ(၄)ပေနီးပါးကျော်လွန်နေလို့ (၂၄)နာရီပတ်လုံးရေကင်းအနီးကပ်စောင့်ကြည့်နေတယ်လို့ စိုက်ပျိုးရေး၊မွေးမြူရေးနှင့်ဆည်မြောင်းဦးစီးဌာနမှ သိရပါတယ်။

အောက်တိုဘာလ(၂)ရက်မှာ ပေါင်းလောင်းဆည်ဟာ ရေပိုလွှဲကနေ (၃.၂၈)ပေကျော်လွန်နေပြီး အောက်တိုဘာလ (၁)ရက်ကထက် (၀.၁၃)ပေတိုးလာပါတယ်။

အဲဒီ့ရေလှောင်တမံတွေရဲ့ကြံ့ခိုင်မှုအခြေအနေဟာကောင်းမွန်လျက်ရှိပြီး တာဝန်ကျဝန်ထမ်းတွေက (၂၄)နာရီရေကင်းစောင့် ကြည့်နေတဲ့အတွက်စိုးရိမ်စရာမရှိဘူးလို့ ထုတ်ပြန်ထားပါတယ်။

ပေါင်းလောင်းဆည်အပြင် ကင်းတားဆည်လည်း ရေပိုလွှဲမှ ရေကျော်လွန်နေတဲ့အတွက် ရေပိုလွှဲပေါက်(၄) ပေါက်မှ ရေများထုတ်လွှတ်ခဲ့ရပြီး အဲဒီ့ဆည်အနီးရှိကျေးရွာတွေကို ရွေ့ပြောင်းပေးနေရတယ်လို့ သိရပါတယ်။

မူရင်းဓါတ်ပုံပိုင်ရှင်ကို အပြည့်အဝcreditပေးပါသည်။

#mercury#mercurynews#ရေဘေး#ပြည်တွင်းသတင်း#ကင်းတားဆည်