ဧ၀ရတ်တောင်ပေါ်ကို တက်ရောက်တဲ့ တောင်တက်သမားတွေအနေနဲ့ သူတိုရဲ့အညစ်အကြေးတွေကို တောင်ခြေက နားခိုရာစခန်းဆီ ပြန်လည်သယ်ဆောင်လာရမယ်လို့ အာဏာပိုင်တွေက အမိန့်ထုတ်လိုက်ပြီဖြစ်ပါတယ်။
ဒီအမိန့်ထုတ်ပြန်ချက်ကြောင့် ဧဝရက်တောင်ကိုတက်တဲ့ တောင်တက်သမားတွေဟာ တောင်ပေါ်မှာ မစင်စွန့်ချင်တိုင်း စွန့်လို့ရတော့မှာ မဟုတ်ဘဲ အောက်မှာရှိတဲ့ တောင်ခြေက နားခိုရာစခန်းဆီကို ပြန်သယ်ဆောင်လာရတော့မှာဖြစ်ပါတယ်။
ဧဝရက်တောင်ကိုတက်ရောက်မယ့် တောင်တက်သမားတွေကို တောင်ခြေနားခိုရာစခန်းကနေ အိတ်နှစ်လုံးပေးမှာဖြစ်ပြီး အဲ့ဒီအိတ်တွေဟာ အညစ်အကြေးစွန့်ဖို့အတွက် ငါးကြိမ်ကနေ ခြောက်ကြိမ်အထိ အသုံးပြုနိုင်မယ်လို့ သိရှိရပါတယ်။