Join Us : Telegram Icon Threads Icon
Latest Updates >>>
MENU

ဧပြီလ(၂၁)ရက်တွင်ပဲခူး၌နောက်ဆက်တွဲငလျင်ငယ်သာလှုပ်၊ရန်ကုန်တွင်ငလျင်ကြီးလှုပ်ခတ်မှုမရှိသေး

——————————————————————————

၂၀၂၅ခုနှစ်၊ဧပြီလ၊(၂၁)ရက်

ဧပြီလ(၂၁)ရက်မှာ ငလျင်ကြီးနဲ့ဆူနာမီဖြစ်နိုင်တယ်လို့ ကောလဟာလတွေထွက်ပေါ်ခဲ့သော်လည်း နောက်ဆက်တွဲငလျင်ငယ်သာလှုပ်ခတ်မှုရှိတယ်လို့ မြေငလျင်ဌာနခွဲရဲ့ထုတ်ပြန်ချက်အရသိရပါတယ်။

ဧပြီလ(၂၁)ရက်မနက်အစောကြီးပိုင်း(၃)နာရီကျော်ခန့်က ပဲခူး၊ရေတာရှည်မြို့ရဲ့ အနောက်မြောက်ဘက်(၁၅)မိုင်ခန့် မှာအင်အားရစ်တာစကေး(၃.၉)အဆင့်ရှိ ငလျင်တစ်ခုသာလှုပ်ခတ်ခဲ့တယ်လို့ဆိုပါတယ်။

ရန်ကုန်မှာတော့ လက်ရှိဧပြီ(၂၁)ရက်မနက်ပိုင်းအချိန်တွေအထိ ငလျင်ငယ်၊ငလျင်ကြီးတွေလှုပ်ခတ်မှုမရှိသေးပါဘူး။

‘’ငလျင်ဆိုတာ အတိအကျခန့်မှန်းနိုင်တာမျိုးမရှိသေးပါဘူး။ အခုကာလမှာရန်ကုန်အပါအဝင်မြန်မာနိုင်ငံတစ်ဝှမ်း ငလျင်ကြီးထပ်လှုပ်ဖို့မရှိတော့သလို ဆူနာမီလည်းဖြစ်ဖို့ မရှိသေးပါဘူး။

နောက်ဆက်တွဲငလျင်ငယ်တွေကတော့ လှုပ်ဖို့ရှိနေသေးပါတယ်”လို့ မြန်မာနိုင်ငံမြေငလျင်ကော်မတီမှ တာဝန်ရှိသူတစ်ဦးကပြောပြထားပါတယ်။

ရန်ကုန်မှဒေသခံအချို့ကတော့ ဧပြီ(၂၁)ရက်ကို ထိတ်လန့်နေပြီး ဆွေမျိုးတွေရှိရာမြို့တွေမှာ သွားရှောင်ကြဖို့လည်း ဆွေးနွေးနေသူတွေရှိခဲ့တယ်လို့ သိရပါတယ်။

မှုရင်းဓါတ်ပုံပိုင်ရှင်ကို creditပေးပါသည်။

#MERCURY#mercurynews#ပဲခူး#ငလျင်#မြန်မာ#ပြည်တွင်းသတင်း

Oplus_131072