နာမည်ကြီးစီးပွားရေးလုပ်ငန်းရှင်တစ်ဦးဖြစ်တဲ့ ဧဒင်ဦးချစ်ခိုင် အပါအဝင် စီးပွားရေးလုပ်ငန်းရှင်တစ်ချို့ ဖမ်းဆီးခံထားရတာကနေ ပြန်လည်လွတ်မြောက်လာပြီလို့ သိရပါတယ်။
ဧဒင်ဦးချစ်ခိုင်ဟာ တီကျစ်ကျောက်မီးသွေးသုံး ရေနွေးငွေ့ဓာတ်အားပေးစက်ရုံလုပ်ငန်းမှာ အခွန်လျှော့နည်းပေးဆောင်လို့ဆိုပြီး အဂတိမှုနဲ့ ၂၀၂၂ ခုနှစ် ဧပြီလ မှာ ဖမ်းဆီးခံခဲ့ရတာဖြစ်ပါတယ်။
အလားတူ အခြားစီးပွားရေးလုပ်ငန်းရှင်တစ်ဦးဖြစ်တဲ့ ဇေကမ္ဘာဦးခင်ရွှေရဲ့သား ဦးဇေသီဟလည်း ရန်ကုန်အင်းစိန်ထောင်ကနေ လွတ်လာတယ်လို့ နီးစပ်သူတွေက ပြည်တွင်းသတင်းဌာနတွေကို အတည်ပြုပြောဆိုထားကြပါတယ်။
#mercury#mercurynews#ဧဒင်ဦးချစ်ခိုင်#ဦးဇေသီဟ#ပြည်တွင်းသတင်း