ဦးခေါင်းရေအိတ်တည်လို့ ဘဝနေဝင်ချိန်ဆီရောက်နေပြီး သက်ဆိုးမရှည်နိုင်ဘူးလို့ သတ်မှတ်ခံထားရသူ အသက် ၁ နှစ်နဲ့ ၅ လ သမီးလေး မဇင်မာလာအောင်
————————–
ဒီသမီးငယ်လေးရဲ့နာမည်က မဇင်မာလာအောင် ဖြစ်ပါတယ်။ မဇင်မာလာအောင်ရဲ့မိခင်က မခိုင်မာလာမြင့် ပါ။ ဒီသားအမိဟာ ဧရာဝတီတိုင်း၊ အိမ်မဲမြို့နယ်၊ သခွပ်ကုန်းရွာကနေ လာရောက်ပြီး ဆေးရုံမှာ ဆေးကုသမှုခံယူနေတာပါ။ သမီးငယ်လေး မဇင်မာလာအောင် ခံစားနေရတဲ့ဝေဒနာက ဦးခေါင်းရေအိတ်တည်တာဖြစ်ပါတယ်။ ဆရာဝန်တွေကတော့ ဦးနှောက်အရေခွံ ကျယ်တယ်လို့လည်း အသိပေးကြောင်း မခိုင်မာလာမြင့်က အသိပေးပါတယ်။ သမီးလေး မဇင်မာလာအောင်ဆီမှာ မွေးကတည်းက ပါလာခဲ့ပေမယ့် မသားစုက မသိရှိခဲ့တာဖြစ်ပြီး တစ်ခေါင်းလုံးဟာ ပျော့ပြဲနေခဲ့တယ်လို့ မိခင်ဖြစ်သူက ပြောပြပါတယ်။ သမီးကြီးနဲ့ သမီးငယ်အကြားမှာ အရမ်းနီးသွားလို့လားလို့ သူမအနေနဲ့ တွေးမိတာရှိကြောင်းလည်း မိခင် မခိုင်မာလာမြင့်က ရင်ဖွင့်ပါတယ်။ သမီးကြီးဖြစ်သူက အသက်အားဖြင့် ၁၀ လသာရှိသေးချိန်မှာ အခုသမီးငယ်လေး မဇင်မာလာအောင်က မိခင်ဆီမှာ ၆ လ ကိုယ်ဝန် ရှိနေခဲ့ပြီဖြစ်ပါတယ်။ လက်ရှိမှာ မဇင်မာလာအောင်က အသက်အားဖြင့် ၁ နှစ်နဲ့ ၅ လ ရှိနေခဲ့ပြီဖြစ်ပါတယ်။ မဇင်မာလာအောင်ရဲ့ရောဂါက ကျွံသွားပြီလို့ ဆရာမတွေက အသိပေးထားပါတာကြောင့် နောက်ဆုံးရက်ကို စောင့်ဆိုင်းရသလို ဖြစ်လို့နေပါတယ်။ သမီးလေး သက်သောင့်သက်သာနဲ့နေနိုင်ဖို့ကိုပဲ သူ့ဘက်က ကြိုးစားပေးသွားမယ်လို့ မိခင်ဖြစ်တဲ့ မခိုင်မာလာမြင့်က အသိပေးပါတယ်။ ဦးနှောက်က မရှိသလောက်ဖြစ်သွားပြီမို့ လမ်းလည်း မလျှောက်နိုင်၊ စကားလည်း မပြောနိုင်တဲ့အဖြစ်ကို သမီးငယ်လေး မဇင်မာလာအောင်က ရင်ဆိုင်နေရပြီး ဒီလိုကလေးတွေဟာ သက်ဆိုးမရှည်ဘူးလို့ ဆရာမတွေရဲ့ပြောစကားအရ သိထားရပြီလို့ မခိုင်မာလာမြင့်က ပြောပြပါတယ်။ သမီးလေး အသက်ရှင်နေတဲ့ကာလပတ်လုံး မနာမကျင်နဲ့ သက်သောင့်သက်သာနေနိုင်အောင် သူမဘက်က တတ်နိုင်စွမ်းသမျှ ကြိုးစားမယ်လို့ မခိုင်မာလာမြင့်က ဆက်လက် ရင်ဖွင့်ပါတယ်။ အလှူရှင်တွေကလည်း ပံ့ပိုးကူညီတာကြောင့် သမီးငယ်လေး မဇင်မာလာအောင်က အခုလို ဆေးကုသနေနိုင်တာပဲဖြစ်ပါတယ်။ ဦးခေါင်းရေအိတ်တည်လို့ ဦးနှောက်မရှိသလောက်ဖြစ်ပြီး သက်ဆိုးမရှည်နိုင်ဘူးလို့တောင် ပြောခံထားရပြီဖြစ်တဲ့ သမီးလေး မဇင်မာလာအောင်ရဲ့ဘဝဖြတ်သန်းနေရမှုတွေကို Mercury Variety ပရိသတ်တွေအတွက် တင်ဆက်ဖော်ပြပေးလိုက်ပါတယ်။
#MercuryVariety #MV #MercuryExclusiveInterview #ExclusiveInterview #MercuryLifeStory #LifeStory #မဇင်မာလာအောင် #မခိုင်မလာလာမြင့် #သမီး #မိခင် #ဦးခေါင်းရေအိတ်တည် #Family #ဘဝရပ်တည်မှု #ကျန်းမာရေး #အလှူရှင် #ဆေးကုသမှု #Yangon #Myanmar