Join Us : Telegram Icon Threads Icon
Latest Updates >>>
MENU

ဦးခေါင်းထိခိုက်ထားလို့ သားလေးလက်ဆွဲ လျှောက်သွားနေပြီး လမ်းဘေးမှာအိပ်တဲ့အထိဖြစ်နေသူ မဝင်းပပထွန်း

CB ဘဏ်ဝန်ထမ်း လုပ်ခဲ့သလို ပညာတတ်တစ်ယောက်ဖြစ်ခဲ့ပေမယ့် ဦးခေါင်းထိခိုက်မိပြီးတဲ့နောက် ကလေးကိုလက်ဆွဲပြီး လမ်းဘေးမှာ အိပ်တဲ့အထိ ဖြစ်လာလို့ အကူအညီလိုအပ်နေသူ မဝင်းပပထွန်း
———————
ဒီအစ်မရဲ့နာမည်က မဝင်းပပထွန်းပါ(ဆေးရုံစာအုပ်တွင် ရေးသားထားသည့်နာမည်ကို အတည်ယူထားပါသည်)။ သူဟာ CB ဘဏ်မှာ ဝန်ထမ်းလုပ်ခဲ့သူဖြစ်တယ်လို့ မဝင်းပပထွန်းက ပြောပါတယ်။ ဒါပေမဲ့ လက်ရှိအချိန်မှာ ဦးခေါင်းထိခိုက်ပြီး စိတ်ကျန်းမာရေးဝေဒနာကို မဝင်းပပထွန်းက ရင်ဆိုင်ခံစားနေရပါတယ်။ စိုးရိမ်စရာကောင်းတာက မဝင်းပပထွန်းဟာ လမ်းဘေးတွေ့ရာနေရာတွေ၊ ကားဂိတ်တွေထဲမှာ ဖြစ်သလို ဝင်အိပ်တဲ့အထိ စိတ်လွတ်နေတတ်တာပါပဲ။ မဝင်းပပထွန်းတစ်ယောက် ဦးခေါင်းထိခိုက်မိပြီး အခုလိုဖြစ်သွားချိန်မှာ သူမရဲ့ခင်ပွန်းက သူမကို သားတစ်ယောက်နဲ့ချန်ထားပြီး စွန့်ပစ်သွားခဲ့ပါတယ်။ မိသားစုနဲ့ဆက်ဆံရေးကလည်း အဆင်မပြေမှုတွေရှိလို့ မိသားစုရဲ့ဂရုတစိုက်စောင့်ရှောက်မှုကိုလည်း မဝင်းပပထွန်းက မရရှိပါဘူး။ ပညာတတ်တစ်ယောက်ဖြစ်သလို ရုပ်ရည်ရူပကာလည်းရှိတာမို့ သားတစ်ယောက်ကို လက်ဆွဲပြီး နေရာတကာလျှောက်သွားကာ လမ်းဘေးမှာ အိပ်တဲ့အထိ ဖြစ်ပျက်နေတဲ့ မဝင်းပပထွန်းရဲ့ဘဝက လုံခြုံမှုကင်းမဲ့နေတာမို့ ဒေါ်ခင်မာချိုအမည်ရ အမျိုးသမီးတစ်ယောက်က သူ့ဆီ ခေါ်ယူကာ စောင့်ရှောက်ပေးခဲ့ပြီး လတ်တလောမှာတော့ ပရဟိတ ကိုထွန်းမင်းဆီ အကူအညီတောင်းခံကာ မဝင်းပပထွန်းရဲ့ကျန်းမာရေးကို စောင့်ရှောက်ပေးဖို့ စီစဉ်နေကြပြီပဲဖြစ်ပါတယ်။ သူမကို အခုလိုဖြစ်အောင် အောက်လမ်းနည်းတွေနဲ့လုပ်ခဲ့ကြတာလို့ မဝင်းပပထွန်းက ပြောပြပါတယ်။ တစ်ချက်တစ်ချက်မှာ အသိသတိရှိပြီး အသိလွတ်ချိန်မှာ လွတ်သွားတတ်တဲ့ မဝင်းပပထွန်းကို ရွာသာကြီးစိတ်ကျန်းမာရေးဆေးရုံဆီ ပို့ဆောင်ပေးတာက အကောင်းဆုံးဖြစ်လိမ့်မယ်လို့ ကိုထွန်းမင်းက ယူဆထားပါတယ်။ CB ဘဏ်ဝန်ထမ်း လုပ်ခဲ့သလို ပညာတတ်တစ်ယောက်လည်းဖြစ်ခဲ့ပေမယ့် ဦးခေါင်းထိခိုက်မိပြီးတဲ့နောက် ကလေးကိုလက်ဆွဲပြီး လမ်းဘေးမှာ အိပ်တဲ့အထိ ဖြစ်လာလို့ အကူအညီလိုအပ်နေသူ Single Mom(တကိုယ်ရည်မိခင်) မဝင်းပပထွန်းနဲ့ သူ့သားလေးတို့ရဲ့ဘဝအဖြစ်အပျက်တွေက စာနာသနားဖို့ ကောင်းလွန်းတာကြောင့် Mercury Variety ပရိသတ်တွေ သိရှိနိုင်အောင် တင်ဆက်ဖော်ပြပေးလိုက်ပါတယ်။ #MercuryVariety #MV #MercuryExclusiveInterview #ExclusiveInterview #MercuryLifeStory #LifeStory #ဝင်းပပထွန်း #WinPaPaHtun #ကိုထွန်းမင်း #SingleMom #တကိုယ်ရည်မိခင် #ရင်သွေး #ဦးခေါင်းထိခိုက် #စိတ်ကျန်းမာရေး #အကူအညီ #KoTunMinn #ပရဟိတ #Yangon #Myanmar