၂၀၂၅ခုနှစ်၊ဧပြီလ၊(၂၅)ရက်
ဥရောပသမဂ္ဂEUမှမြန်မာအတွက် ကယ်ဆယ်ရေးပစ္စည်း ၇၀,၀၀၀ ကျော်ပို့ဆောင် ပေးခဲ့ပြီးဘူလ်ဂေးရီးယားနဲ့ ဆွီဒင်ထပ်ပို့ဖို့ရှိတယ်လို့ ဥရောပသမဂ္ဂမြန်မာရဲ့ထုတ်ပြန်ချက်အရသိရပါတယ်။
EU ဟာ ဧပြီလ ၁၈၊ ၁၉ နဲ့ ၂၂ ရက်တို့မှာ တန်ချိန် ၉၀ ကျော်ရှိတဲ့အသက်ကယ် ကယ်ဆယ်ရေးပစ္စည်း ၇၀,၀၀၀ ကျော် ကို လေယာဉ်သုံးစင်းဖြင့် ထောက်ပံ့ပို့ဆောင်ပေးခဲ့တာဖြစ်ပါတယ်။
အဲဒီ့ပစ္စည်းများကို IOM နဲ့ ၎င်းရဲ့ဒေသခံ မိတ်ဖက်အဖွဲ့များမှ အကူအညီ အလိုအပ်ဆုံးသော လူ့အဖွဲ့အစည်းများထံသို့ ပေးပို့သွားမှာဖြစ်ပါတယ်။
ဒီပေးပို့မှုတွေဟာ ဖင်လန်၊ လူဇင်ဘတ်နှင့် IOM ရဲ့ ကမ္ဘာလုံးဆိုင်ရာသိုလှောင်ဂိုဒေါင်မှ ထောက်ပံ့မှုများဖြင့် လုပ်ဆောင်နိုင်ခဲ့တာဖြစ်ပါတယ်။
လာမည့်ရက်တွေအတွင်း ဘူလ်ဂေးရီးယားနဲ့ ဆွီဒင်နိုင်ငံများမှ ထောက်ပံ့မှုပစ္စည်းတွေနဲ့နောက်ထပ် လေယာဉ်ပို့ဆောင်မှုတွေကိုလည်း စီစဉ်ထားတယ်လို့ သိရပါတယ်။
Photo Credit -EU Myanmar
#mercury#mercurynews#မြန်မာ#ငလျင်#ပြည်တွင်းသတင်း