Join Us : Telegram Icon Threads Icon
Latest Updates >>>
MENU

အ-သက်- ဆုံးရှုံးပြီးမှ အမှုမှန်ပေါ်ပေါက်လာတဲ့ မင်းသားကြီး လီဆန်ဂျွန်းရဲ့ ကြေကွဲဖွယ်ဇာတ်သိမ်း

ဆိုးလ်၊ ဒီဇင်ဘာ ၂၈

မင်းသားကြီး လီဆန်ဂျွန်းကို ဆုံးရှုံးလိုက်ရပြီးမှ သူ့ကို မူးယစ်ဆေးသုံးစွဲမှုနဲ့စွပ်စွဲထားတဲ့ အမှုတွေကို ပိတ်သိမ်းလိုက်ပြီလို့ ကြေညာချက်ထွက်လာခဲ့ပါတယ်။

ကလပ်မှာ ခြိမ်းခြောက်ငွေညှစ်ပြီး‌ ဆေးသုံးတယ်လို့ လုပ်ကြံဇာတ်လမ်းဆင်ခဲ့တဲ့
ကလပ်ပိုင်ရှင် အမျိုးသမီးနဲ့ မန်နေဂျာကြောင့် မင်းသားကြီးကို ရဲတွေဟာ ဆေးမှုနဲ့ ဖမ်းဆီးစစ်ဆေးခဲ့ပါတယ်။

သုံးကြိမ်တိုင်တိုင် ဆေးမသုံးစွဲတဲ့မှတ်တမ်းထွက်ထားသလို မင်းသားဘက်ကလည်း မူးယစ်ဆေးမသုံးကြောင်း ၊ ခြိမ်း‌ခြောက်ခံရတာသာဖြစ်‌ကြောင်း ပြောကြားခဲ့ပေမယ့် အမှုမပိတ်ပေးခဲ့ပါဘူး။

တောင်ကိုးရီးယားရဲတွေဘက်က သက်သေမှမပြည့်စုံပဲ ဖမ်းဆီးစစ်ဆေးခဲ့တာဖြစ်ပြီး တစ်ခါစစ်ရင် နာရီ ၂၀ ကျော်ကြာတတ်တယ်လို့ ဆိုပါတယ်။

မင်းသားကြီးဆုံးပါးသွားတဲ့အချိန်မှသာ ခြိမ်းခြောက်ငွေညှစ်ခဲ့တဲ့ ကလပ်ပိုင်ရှင်နဲ့ မန်နေဂျာကို ဖမ်းဆီးခဲ့ပြီး အမှုကိုပါပိတ်သိမ်းကြောင်းကြေညာခဲ့တာဖြစ်ပါတယ်။

မီဒီယာတွေရဲ့အနိုင်ကျင့်မှု၊ ခြိမ်းခြောက်‌ ငွေညှစ်ခံရမှု၊ အိမ်ထောင်ရေးဖောက်ပြန်တယ်လို့ စွပ်စွဲခံရမှုတွေကြောင့် မင်းသားကြီးကတော့ လောကကြီးကိုလက်မြှောက်အရှုံးပေးပြီး အေးအေးဆေးဆေး ထွက်ခွာသွားခဲ့ပြီဖြစ်ပါတယ်။

Mercurymedia

Entertainment

Lee_Sun_Kyun

တောင်ကိုးရီးယား