Join Us : Telegram Icon Threads Icon
Latest Updates >>>
MENU

အွန်လိုင်းလိမ်လည်သူ(ကျားဖြန့်)တရုတ်နိုင်ငံသားတရားခံ(၃၁၃)ဦးကိုဖမ်းဆီးပြီး

တရုတ်နိုင်ငံသို့လွှဲပြောင်းပေးအပ်

၂၀၂၄ခုနှစ်၊အောက်တိုဘာလ၊(၁)ရက်

အွန်လိုင်းလိမ်လည်မှု(ကျားဖြန့်)လုပ်ငန်းတွေလုပ်ကိုင်လျက်ရှိတဲ့ တရုတ်နိုင်ငံသားတရားခံ(၃၁၃)ဦးကိုဖမ်းဆီးပြီးတရုတ်အစိုးရထံလွှဲပြောင်းပေးအပ်ခဲ့တယ်လို့ သိရပါတယ်။

စက်တင်ဘာလအတွင်း မူဆယ်မြို့ ပေါ်မှာ အွန်လိုင်းလိမ်လည်မှု(ကျားဖြန့်) လုပ်ငန်းတွေလုပ်ကိုင်လျက်ရှိတဲ့ဒုစရိုက်သမားတွေကို ဖော်ထုတ်ဖမ်းဆီးခဲ့ရာ တရုတ်နိုင်ငံသား တရားခံ ပြေး (၄၅)ဦးပါ တရုတ်နိုင်ငံ သားစုစုပေါင်း(၃၁၃)ဦးနဲ့ မြန်မာနိုင်ငံသားတရားခံ (၅၅၇) ဦး၊ စုစုပေါင်းတရားခံ (၈၇၀)ဦးတို့ကို အွန်လိုင်းလိမ် လည်မှုလုပ်ငန်းတွေလုပ်ကိုင်ရာမှာ အသုံးပြုတဲ့ကွန်ပျူတာဆက်စပ်ပစ္စည်းတွေ၊ လက် ကိုင်ဖုန်းတွေနဲ့ Scam စက်တွေနဲ့အတူ သိမ်းဆည်းရမိခဲ့တာဖြစ်ပါတယ်။

ဖမ်းဆီးရမိတဲ့ တရုတ်နိုင်ငံသား တရားခံပြေး ၄၅ ဦးပါ တရုတ်နိုင်ငံသား စုစုပေါင်း ၃၁၃ ဦးတို့ကို မြန်မာနိုင်ငံရဲ့ တည်ဆဲဥပဒေတွေနဲ့အညီ အမှုဖွင့်အရေးယူထားပြီး တရားခံတွေကို တရုတ်နိုင်ငံအနေနဲ့ ဆက်လက် အရေးယူဆောင်ရွက် နိုင်ဖို့အတွက် ၂၀၂၄ ခုနှစ်၊ စက် တင်ဘာလ ၂၆ ရက်မှာ ယူနန်ပြည်နယ်၊ ရွှေလီမြို့ရှိ နယ်စပ်ဝင် ထွက် ပေါက်မှတစ်ဆင့်လုပ်ထုံး လုပ်နည်းနဲ့အညီ ပြည်နှင်လွှဲပြောင်းပေးအပ်ခဲ့တယ်လို့ သိရပါတယ်။