Join Us : Telegram Icon Threads Icon
Latest Updates >>>
MENU

အွန်လိုင်းလိမ်လည်မှုများလုပ်နေသည့် ကျားဖြန့်လုပ်ငန်းတွေကို အာဆီယံနိုင်ငံတွေ ပူးပေါင်းနှိမ်နင်းမည်

၂၀၂၅၊ဇန်နဝါရီလ၊၂၀ရက်

အွန်လိုင်းငွေလိမ်လည်မှုတွေအပြင် လိမ်ညာခေါ်ဆောင်ကာ အတင်းအကြပ်စေခိုင်းတဲ့ လုပ်ရပ်တွေကိုပါ ပြုလုပ်လာကြတဲ့ ကျားဖြန့်လုပ်ငန်းတွေကို အာဆီယံနိုင်ငံတွေ အတူတကွပူးပေါင်းနှိမ်နင်းမယ်လို့ ဘန်ကောက်ဒစ်ဂျစ်တယ်ကြေညာစာတမ်းက တဆင့် ကြေညာလိုက်ပါတယ်။

ပြီးခဲ့တဲ့ ဇန်နဝါရီ ၁၆ နဲ့ ၁၇ ရက်တုန်းက ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့မှာပြုလုပ်ခဲ့တဲ့ အာဆီယံဒီဂျစ်တယ် ဝန်ကြီးများအစည်းအဝေးအပြီးထုတ်ပြန်ခဲ့တဲ့ ဘန်ကောက်ဒစ်ဂျစ်တယ်ကြေညာစာတမ်းမှာ ဒစ်ဂျစ်တယ်နဲ့ ဆက်သွယ်ရေးနည်းပညာချန်နယ်တွေကို သုံးပြီး အွန်လိုင်းလိမ်လည်မှုတွေလုပ်နေတဲ့ ကျားဖြန့်လုပ်ငန်းတွေကို အာဆီယံနိုင်ငံတွေ ပူပေါင်းနှိမ်နင်းသွားမှာဖြစ်ပြီး ရာဇဝတ်မှုနှိမ်နင်းတာအပြင် တရားစီရင်ရေးအတွက် လည်း ပူးပေါင်းဆောင်ရွက်ဖို့ရည်ရွယ်ထားတယ်လို့ ဖော်ပြထားပါတယ်။

အာဆီယံဒီဂျစ်တယ် ဝန်ကြီးများအစည်းအဝေးကို နစကရဲ့ ပို့ဆောင်ရေးနဲ့ ဆက်သွယ်ရေးဝန်ကြီး ဗိုလ်ချုပ်ကြီး မြထွန်းဦး လည်း တက်ရောက်ခဲ့တယ်လို့ သိရပါတယ်။

ဓါတ်ပုံ-မူရင်းပိုင်ရှင်ကို creditပေးပါသည်။

#mercury#mercurynews#အာဆီယံ#ကျားဖြန့်#အွန်လိုင်းလိမ်လည်