Join Us : Telegram Icon Threads Icon
Latest Updates >>>
MENU

အွန်လိုင်းမှသင်ကြားနိုင်မည့် ဥပဒေဘွဲ့လွန်သင်တန်း စက်တင်ဘာလအတွင်းဖွင့်လှစ်မည်

—————————————————————————————-

၂၀၂၄ခုနှစ်၊သြဂုတ်လ၊(၃၁)ရက်

အွန်လိုင်းကနေတစ်ဆင့် တက်ရောက်သင်ကြားနိုင်မယ့် ဥပ‌ဒေဘွဲ့လွန်သင်တန်း Post Graduate Diploma in Law(PGDL) စက်တင်ဘာလမှာဖွင့်လှစ်မယ်လို့ရန်ကုန်အဝေးသင်တက္ကသိုလ်ရဲ့ ထုတ်ပြန်ချက်အရသိရပါတယ်။

အခု ဥပဒေဘွဲ့လွန်သင်တန်းကိုတက်ချင်တဲ့သူတွေအနေနဲ့ သင်တန်းဝင်ခွင့်ကို စက်တင်ဘာလ(၅)ရက်မှစတင်ပြီး ရန်ကုန်အဝေးသင်တက္ကသိုလ်ရဲ့ Websit https://law.hrd.yude.edu.xn--mm-l1j5j/ တစ်ဆင့်အွန်လိုင်းဝင်ခွင့်လျှောက်လွှာနဲ့ လျှောက်ထားနိုင်မှာဖြစ်ပါတယ်။

အွန်လိုင်းဝင်ခွင့်အောင်မြင်ပြီး သတ်မှတ်အရည်အချင်းနဲ့ပြည်စုံသူတွေကို ဝင်ခွင့်ရတဲ့အကြောင်း emailကတစ်ဆင့်အကြောင်းကြားပေးမှာဖြစ်တယ်လို့ဆိုပါတယ်။

သင်တန်းဝင်ခွင့်ရရှိသူတွေအနေနဲ့စက်တင်ဘာလ (၂၃)ရက်ကနေစက်တင် ဘာလ(၃၀)ရက်အထိရုံးချိန်အတွင်း ရန်ကုန် အဝေးသင်တက္ကသိုလ် မှာကျောင်းအပ်ရမှာဖြစ်ပါတယ်။

သင်တန်းကိုအောက်တိုဘာ လ(၁)ရက်နေ့စတင်ဖွင့်လှစ်မှာဖြစ်ပြီးသင်တန်းကာလ(၁၀) လ ကြာမြင့်မှာဖြစ်တယ်လို့ သိရပါတယ်။

အခုဖွင့်လှစ်မယ့်သင်တန်းဟာ(၁၈)ကြိမ်မြောက်ဖွင့်လှစ်တာလည်းဖြစ်တယ်လို့ရန်ကုန်အဝေးသင်တက္ကသိုလ်ဥပဒေပညာဌာနရဲ့ ထုတ်ပြန်ချက်အရသိရပါတယ်။