အွန်လိုင်းပေါ်ကနေ Sex Chat ပြီး ခြိမ်းခြောက်ငွေညှစ်နေတဲ့အဖွဲ့က အဓိကခေါင်းဆောင်တစ်ယောက်ကို မြန်မာနိုင်ငံဘက်က ဖမ်းဆီးပြီး တရုတ်ရဲတပ်ဖွဲ့ဆီ လွှဲပြောင်းအပ်နှံလိုက်ပြီလို့ တရုတ်သတင်းမီဒီယာ CRI ကနေ ဖော်ပြထားပါတယ်။
ဖမ်းဆီးရမိသူဟာ Sun လို့ နာမည်ရနေတဲ့ အရေးကြီးခေါင်းဆောင်တစ်ယောက်ဖြစ်တယ်လို့ သိရပြီး သူ့ကို ပြီးခဲ့တဲ့ရက်ပိုင်းကမှ မြန်မာနိုင်ငံ သက်ဆိုင်ရာဥပဒေစိုးမိုးရေးဌာနရဲ့အကူအညီနဲ့ ဖမ်းဆီးရမိခဲ့တာလို့ သိရှိရပါတယ်။
နိုင်ငံဖြတ်ကျော် Sex Chat ပြီး ခြိမ်းခြောက်ငွေညှစ်တဲ့ ပြစ်မှုကျူးလွန်မှုကို ဥပဒေနဲ့အညီ တိုက်ဖျက်ဖို့အတွက် တရုတ်ပြည်သူ့လုံခြုံရေးဝန်ကြီးဌာနဟာ လုပ်ငန်းအဖွဲ့ကို မြန်မာနိုင်ငံဆီ စေလွှတ်ပြီး ဥပဒေစိုးမိုးရေး ပူးပေါင်းဆောင်ရွက်နေတယ်လို့လည်း သတင်းဖော်ပြချက်အရ သိရှိရပါတယ်။