“အောင်မြင်လာတာကြောင့် တိုက်ခိုက်လာတာပါ၊ သူတို့က တိုက်လေ၊ ကိုယ်က ပြောင်လေပါပဲ” – အေမီဈာန်(အဆိုတော်)
———————
“ကျွန်မကို မကောင်းမြင်တဲ့လူတွေက ပြောလေ၊ ကျွန်မကိုချစ်တဲ့လူတွေက ပိုချစ်လေပဲ။ လက်ဆောင်တွေ ပို့ကြတာလည်း အများကြီးပဲ။ ချစ်လို့ပါတဲ့။ ဘာဖြစ်ဖြစ် တိုက်လေ ပြောင်လေပေါ့နော်။ သူတို့က တိုက်လေ၊ ကိုယ်က ပြောင်လေဆိုတော့ ကောင်းဖို့ ဖြစ်လာတာပါ။ လိုချင်တဲ့သူတွေက သွတ်သွင်းလိုက်တဲ့ဘောင်ကို ကျွန်မ လျှောက်လှမ်းလိုက်တဲ့အခါ သူတို့က ဒီယုန်မြင်လို့ ဒီချုံထွင်တဲ့ပုံစံနဲ့ ကျွန်မကို တိုက်ခိုက်လာတယ်ပေါ့။ ဘယ်လိုပြောပြော ရပါတယ်။ အရာအားလုံးကတော့ ကောင်းဖို့ ဖြစ်လာတာပါ။ နောက်ဆုံးက ဒီသံသရာ ဒီဘဝ မကုန်ခင်မှာ ကျွန်မပြုတဲ့သာသနာသည် အထက်ဘဝဂ် အောက်ဘဝဂ်မကျန် သိရှိစေသားဆိုတဲ့ ပြောတဲ့စကားအတိုင်းပဲ အဖြေတွေက ပေးသွားမှာပါ။ ကျွန်မက သက်သေတွေနဲ့ပဲ ပြောချင်ပါတယ်။ အောင်မြင်လာတာကြောင့် တိုက်ခိုက်ခံရတယ်ဆိုတာကို လက်ခံတယ်။ တချို့က ဘယ်လိုထင်လဲဆိုတော့ သီချင်းဆိုတာ မအောင်မြင်လို့ ဒီလို လုပ်တယ်လို့ ထင်ကြတယ်။ မအောင်မြင်ဘူးလို့ ပြောရအောင်လည်း ကျွန်မ အေမီဈာန် သီချင်းဘယ်နှပုဒ် ထွက်ဖူးလို့လဲရှင်။ ကျွန်မအနေနဲ့ကတော့ ကျွန်မလုပ်တာသည် မှန်တယ်ထင်တဲ့အတွက် ကျွန်မသွားတဲ့၊ တောက်လျှောက် လျှောက်လာတဲ့လမ်းသည် မှန်ကန်တယ်ထင်တဲ့အတွက် ကျွန်မက ဆက်လျှောက်နေမှာပဲ” – အေမီဈာန်(အဆိုတော်)
#MercuryVariety #MV #MercuryExclusiveInterview #ExclusiveInterview #MercuryCelebrityInterview #CelebrityInterview #AMiZan #အေမီဈာန် #Celebrity #Singer #အဆိုတော် #အထက်ဘဝဂ် #အောက်ဘဝဂ် #သာသနာ #Yangon #Myanmar