ဒေါက်ဖိနပ်နဲ့ လေဒီရှူး လုပ်ငန်းရှင်အဖြစ်ကနေ အိမ်ခြေယာခြေမဲ့၊ ကူကယ်ရာမဲ့ဘဝကို ဆိုက်ရောက်သွားခဲ့ရသူ အဘ ဦးရဲအောင် (အိမ်ခြေယာခြေမဲ့ အဘိုးအို)
——————–
ဒီအဘရဲ့နာမည်က ဦးရဲအောင် ဖြစ်ပါတယ်။ အဘ ဦးရဲအောင်ရဲ့ဘဝဟာ ပြောမယုံ ကြုံမှသိနိုင်မယ့် ဘဝမျိုးပါ။ အဘ ဦးရဲအောင် ဟာ တစ်ချိန်တစ်ခါတုန်းက အောင်မြင်တဲ့စီးပွားရေးလုပ်ငန်းရှင်ကြီးတစ်ယောက် ဖြစ်ခဲ့ဖူးပါတယ်။ ဒေါက်ဖိနပ်နဲ့ လေဒီရှူးတွေ ချုပ်လုပ်တဲ့ လုပ်ငန်းရှင်အဖြစ် ရပ်တည်ခဲ့သူပါ။ ဒါပေမဲ့ ဒီနေ့မှာတော့ အဘ ဦးရဲအောင်ရဲ့ဘဝက ပြောင်းပြန်လှန်လိုက်သလို ဖြစ်သွားခဲ့ပါတယ်။ မိသားစုက တကွဲတပြားစီ ဖြစ်၊ အဆက်အသွယ်ကလည်း လုပ်လို့မရ ဖြစ်ခဲ့ပြီးတဲ့နောက် စီးပွားရေးကလည်း ယိုယွင်းကျဆင်းသွားခဲ့လို့ အဘ ဦးရဲအောင်ဟာ အိမ်ခြေယာခြေမဲ့၊ ကူကယ်ရာမဲ့ ဘဝနဲ့ လမ်းဘေးတစ်နေရာဆီ ရောက်ရှိနေရပြီပဲ ဖြစ်ပါတယ်။ ခေါက်ရှာငှက်ပျံ လောကဓံ ဆိုတဲ့အတိုင်း လူ့ဘဝက အနိမ့်အမြင့်၊ အတက်အကျတွေနဲ့ ဘဝဇာတ်ခုံထဲ ကပြအသုံးတော်ခံနေရတယ်ဆိုတာကို အဘ ဦးရဲအောင်က သက်သေပြလိုက်သလိုပါပဲ။ Mercury Variety ဟာ အဘ ဦးရဲအောင်ကို သွားရောက်ကန်တော့ရင်းနဲ့ အဘအတွက် ကူညီသူတွေ ပေါ်ထွက်လာနိုင်စေဖို့ရာ ရည်ရွယ်ပြီး ဒီအစီအစဉ်လေးကို ရိုက်ကူးတင်ဆက်လိုက်ပါတယ်။ အဘ ဦးရဲအောင်အတွက် ကူညီမယ့်ကမ်းဆင့်လက်တွေ ဆက်လက် ထွက်ပေါ်လာစေဖို့၊ ကူညီမယ့် ပရဟိတအဖွဲ့အစည်းတွေ အလျင်အမြန် ထွက်ပေါ်လာစေဖို့ Mercury Variety က ဆုတောင်းပေးလိုက်ပါတယ်။
#MercuryVariety #MV #MercuryExclusiveInterview #ExclusiveInterview #MercuryLifeStory #LifeStory #UYeAung #ဦးရဲအောင် #လုပ်ငန်းရှင် #ဒေါက်ဖိနပ် #လေဒီရှူး #အနိမ့်အမြင့် #အတက်အကျ #ဘဝဇာတ်ခုံ #အိမ်ခြေယာခြေမဲ့ #မိသားစု #Yangon #Myanmar