တောင်ကိုးရီးယား၊ ဒီဇင်ဘာ၂၉
နာမည်ကြီးလူကြိုက်များလှတဲ့ တောင်ကိုးရီးယား ကေပေါ့ပ် BLACKPINK အဖွဲ့ဟာ သူတို့ရဲ့ ပင်မYG Entertainment ကနေထွက်ပြီး တစ်ကိုယ်တော်လှုပ်ရှားကြတော့မယ်လို့ YG က တရားဝင်ကြေညာချက်ထုတ်လိုက်ပါတယ်။
ဂျင်းနီ၊၊ဂျီဆူး၊ရို့စ်နဲ့ လီဆာ ဆိုတဲ့ ကောင်မလေး ၄ ယောက်ရဲ့ BLACKPINK အဖွဲ့ကို ၂၀၁၆ ကတည်းက ဖွဲ့စည်းထားခဲ့တာဖြစ်ပါတယ်။
လူကြီး၊လူငယ်၊ကျားမ မရွေး ပရိတ်သတ်တွေရဲ့ အချစ်တော် BLACKPINK ကို တကွဲတပြားစီမြင်တွေ့ရတော့မလားဆိုပြီး ထင်ကြေးအမျိုးမျိုးပေးနေကြပါတယ်။
ဒါပေမယ့် BLACKPINK အဖွဲ့ဝင် ၄ယောက်စလုံးဟာ အဖွဲ့လိုက် လှုပ်ရှားမှုက်ိုသာ YG Entertainment နဲ့လုပ်မှာဖြစ်ပြီး တစ်ကိုယ်တော်လှုပ်ရှားမှုတွေကိုတော့ သပ်သပ်စီ လုပ်ဆောင်ကြမှာဖြစ်တယ်လို့ ဆိုပါတယ်။
ပရိတ်သတ်တွေကတော့ BLACKPINK အဖွဲ့ဝင် ၄ယောက်စလုံးဟာ YG Entertainment ကနေ မကြာခင် နုတ်ထွက်တော့မယ့် အဓိပ္ပာယ်လို့ ထင်ကြေပေးနေကြတာဖြစ်ပါတယ်။