Join Us : Telegram Icon Threads Icon
Latest Updates >>>
MENU

အီရန်ဗိုလ်ချုပ်ဟောင်း ဆိုလိုင်မာနီ ၄ နှစ်ပြည့် ဈာပနနှစ်ပတ်လည်မှာ ဗုံး ၂ လုံး ဆင့်ပေါက်၊ လူ ၁၀၃ ယောက် ကွယ်လွန်၊ ၁၇၁ ယောက် ဒဏ်ရာရ

တီဟီရန်၊ ဇန်နဝါရီ ၃
အီရန်ဗိုလ်ချုပ်ဟောင်း ကာဆင်းမ် ဆိုလိုင်မာနီ ကွယ်လွန်ခြင်း ၄ နှစ်ပြည့် ဈာပန နှစ်ပတ်လည်အခမ်းအနားမှာ ဗုံး ၂ လုံးဆင့်ပေါက်လို့ အနိမ့်ဆုံးအဖြစ် လူ ၁၀၃ ယောက် ကွယ်လွန်သွားခဲ့ရပြီဖြစ်ကြောင်း BBC သတင်းဌာနက ဖော်ပြထားပါတယ်။

ကာဆင်းမ် ဆိုလိုင်မာနီ ဟာ အမေရိကန်ရဲ့လု..-ပ်ကြံမှုကြောင့် ကွယ်လွန်တိမ်းပါးသွားခဲ့ရပြီး သူ့ရဲ့အုတ်ဂူဆီကို ၄ နှစ်ပြည့် နှစ်ပတ်လည်အတွက် အီရန်နိုင်ငံသားတွေက လာရောက်ဂါရဝပြု ဆုတောင်းပေးနေချိန်မှာ ဗုံး ၂ လုံး ဆင့်ပေါက်ခဲ့တာဖြစ်ပါတယ်။

တောင်ပိုင်းမြို့တော် ကာမင်မှာရှိတဲ့ ရှာဟက်ဘ် အယ်လ် ဇာမန်းဗလီအနီးမှာ အခုပေါ..–က်ကွဲမှုတွေ ဖြစ်ပွားခဲ့ပြီး ကွယ်လွန်သူက အနိမ့်ဆုံး ၁၀၃ ယောက်၊ ဒဏ်ရာရသူက အနိမ့်ဆုံးအဖြစ် ၁၇၁ ယောက် ရှိနေပြီလို့ လတ်တလောမှာ သိရှိရပါတယ်။

အီရန်အစိုးရကတော့ ဒါဟာ အကြ..–မ်းဖ..-က် တိုက်ခို..—က်သူတွေရဲ့လက်ချက်လို့ သတင်းထုတ်ပြန်လိုက်ပြီး အွန်လိုင်းပေါ်ပျံ့နှံ့နေတဲ့ဗီဒီယိုတွေမှာလည်း လမ်းမတွေထက်မှာ ပြန့်ကျဲနေတဲ့ ရုပ်ခန္ဓာတွေကို မြင်တွေ့ကြရပါတယ်။